ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ဇွန်လ ၁၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူးမားကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေးကိစ္စရပ်များ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့် အာဆီယံနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူများကို လေးစားလိုက်နာသွားရေးတို့နှင့်ဆက်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် လက်ခံတွေ့ဆုံရာ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရေးကိစ္စရပ်များနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူများကို လေးစားလိုက်နာသွားရေးတို့နှင့်ဆက်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment