နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရခိုင်ပြည်နယ်အတွင်းရှိ တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည် မိသားစုဝင်များအားတွေ့ဆုံ အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန်လ ၁၃ ရက်တွင် စစ်တွေနှင့် ဘူးသီတောင်တပ်နယ်များသို့လည်းကောင်း၊ ဇွန်လ ၁၄ ရက်တွင် ကျောက်ဖြူတပ်နယ်၊ အမ်းတပ်နယ်နှင့် ဓညဝတီတပ်နယ်များသို့ လည်းကောင်းသွားရောက်၍   အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား  သက်ဆိုင်ရာတပ်နယ်ခန်းမများနှင့်ရိပ်သာတို့တွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာ-

  • နိုင်ငံတော်၏အနောက်ဘက်ကမ်းရိုးတန်းနှင့် ရေပြင်ပိုင်နက်ကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်ရန် တာဝန်ထမ်းဆောင်နေသူများဖြစ်၍ တာဝန်ကြီးလေးမှုအပေါ် အလေးထားဆောင်ရွက်ရန်လိုကြောင်း။

  • ကမ်းရိုးတန်းနှင့် ရေပြင်ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံကာကွယ်နိုင်ရန်ရရှိသော နိုင်ငံတော်ဘတ်ဂျတ်အတွင်းမှ တပ်မတော်(ရေ)ကို တစ်ဆင့်ချင်းအဆင့်မြှင့်တင်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

  • ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားပြည်သူများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးကျိုးကို ခံစားခဲ့ရပြီးဖြစ်၍ လက်ရှိတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။

  • ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲအနေဖြင့် ဖိတ်ကြားမှုအပေါ် တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကိုယ်တိုင်တွေ့ဆုံကာ ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးစသည့် အခြေခံ (၂)ချက်ဖြင့် ဦးတည်ဆွေးနွေးခဲ့ကြောင်း။

  • ဖက်ဒရယ်ဆိုင်ရာအာဏာ ခွဲဝေကျင့်သုံးမှုနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပုဒ်မများအနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော အချက်များ၊ ဇယား(၁/၂/၃/၅)ပါ အချက်များကိုလည်း ဆက်လက်ဆွေးနွေးသွား ရန်ရှိကြောင်း။

  • နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကောင်းမွန်တိုးတက်ရန်မှာ ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးကို ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖိတ်ခေါ်ထားပါကြောင်း။

  • လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်သားများဖြစ်ကြ၍ ၂၄ နာရီ တာဝန်ရှိသူများဖြစ်သဖြင့် ပေးအပ်ထားသော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို လုံခြုံရေးသည် ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ လုံခြုံရေးသည် တတိယဟူသော အသိစိတ်ဖြင့် သတိရှိရှိ တာဝန်ထမ်းဆောင်ရန်လိုကြောင်း။

  • ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပတွင် စာမသင်ကြားခဲ့ရသော တပ်မတော်သားအချို့ကို ပထမအဆင့် ရေး/ဖတ်၊ ဒုတိယအဆင့် မူလတန်း၊ တတိယအဆင့် အလယ်တန်းအတန်းများ သင်ကြားတတ်မြောက်ရေးအတွက် နှစ်ကာလအလိုက် သတ်မှတ်သင်ကြားပေးခဲ့ကြောင်း။

  • အတန်းပညာတတ်မြောက်မှသာ တပ်ဆင်ပေးထားသည့် ခေတ်မီလက်နက်ကိရိယာများ၏ စွမ်းပကားကို ကောင်းစွာအသုံးချနိုင်မည်ဖြစ်ကြောင်း။

  • မိသားစုဝင်များ၏ ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှသတ်မှတ်ထားသည့် မဖြစ်မနေ KG+9 အဆင့်အောင်မြင်ရန် မိဘများ၏ကြပ်မတ်မှု၊ တာဝန်ရှိသူများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။

  • ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ နယ်မြေအတွင်း ဆေးတပ်ရင်း၊ ဆေးရုံတို့ဖြင့် ဖွဲ့စည်ပေးထား၍ ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

  • လေ့ကျင့်သင်ကြားပေးနေမှုများနှင့်ပတ်သက်၍ တပ်မတော်သားများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန် စစ်ပညာအပြင် လိုအပ်သော အသိပညာ အတတ်ပညာများကို သင်ကြားပေးလျက်ရှိကြောင်း။

  • တာဝန်ရှိသူများအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စားဝတ်နေရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့အဆင်ပြေစေရန် စီမံခန့်ခွဲပေးပြီး တပ်အပေါ် မိသားစုစိတ်ဖြင့် သံယောဇဉ်တရား ဖြစ်ပေါ်လာအောင် တည်ဆောက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက်စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင် တပ်နယ်၊ နယ်မြေခံတပ်ရှိ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကလေးငယ်များအား စာပေသင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှုပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့်အပြင် ကျောက်တော်တပ်နယ် နယ်မြေခံတပ်ရင်းရှိ မိသားစုအိမ်ထောင်သည် လိုင်းခန်းများ သို့လည်းသွားရောက်၍ ရဲမေ၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။

  • ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲအနေဖြင့် ဖိတ်ကြားမှုအပေါ် တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကိုယ်တိုင်တွေ့ဆုံကာ ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးစသည့် အခြေခံ (၂)ချက် ဖြင့် ဦးတည်ဆွေးနွေးခဲ့။

  • ဖက်ဒရယ်ဆိုင်ရာအာဏာ ခွဲဝေကျင့်သုံးမှုနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေပုဒ်မများအနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော အချက်များ၊ ဇယား(၁/၂/၃/၅)ပါ အချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန်ရှိ။

  • နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကောင်းမွန်တိုးတက်ရန်မှာ ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သည်ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးကို ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်၊ ဆက်လက်၍လည်း ဖိတ်ခေါ်ထား။

  • မိသားစုဝင်များ၏ ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှသတ်မှတ်ထားသည့် မဖြစ်မနေ KG+9 အဆင့်အောင်မြင်ရန် မိဘများ၏ကြပ်မတ်မှု၊ တာဝန်ရှိသူများ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ကြရန်လို။

  • လေ့ကျင့်သင်ကြားပေးနေမှုများနှင့်ပတ်သက်၍ တပ်မတော်သားများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန် စစ်ပညာအပြင် လိုအပ်သော အသိပညာအတတ်ပညာများကို သင်ကြားပေးလျက်ရှိ။

 

Add new comment