နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ သွားရောက်လေ့လာကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကောင်စီအဖွဲ့ဝင်များနှင့် တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ဇွန်လ ၁၄ ရက်တွင်  တည်ဆောက်ဆဲ ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ သွားရောက် လေ့လာကြည့်ရှုကြသည်။           

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့အား  စက်ရုံစီမံကိန်း အစည်းအဝေးခန်းမ၌ စီမံကိန်းတာဝန်ခံက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား  ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက-

  • စက်ရုံလုပ်ငန်း စတင်လည်ပတ်ပါက ၁၃၅ MW ဓာတ်အားထွက်ရှိမည်ဖြစ်ပြီး  ၁ ယူနစ်လျှင် ၈.၅၉ ဆင့် နှုန်းဖြင့်ဖြန့်ချိနိုင်မည်ဖြစ်၍ ဒေသအတွက် များစွာအကျိုးရှိနိုင်မည့် အခြေအနေများ။
  • စက်ရုံစီမံကိန်း အကောင်အထည်ဖော်မှုနှင့် စက်ရုံလည်ပတ်ချိန်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ရန် အခြေအနေများ။
  • စက်ရုံပတ်ဝန်းကျင် ဒေသခံပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် ပတ်သက်သော Corporate Social Responsibility (CSR) လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများ။
  • စီမံကိန်းဆောင်ရွက်မှုကို သတ်မှတ်စံချိန်စံနှုန်းများ ပြည့်မီစွာဖြင့်ရည်မှန်း ကာလပြီးစီးရေး ဆောင်ရွက်ရန် အခြေအနေများ။
  • စီမံကိန်းအကောင်အထည်ဖော်မှု သတ်မှတ်ကာလအတွင်း စက်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လေ့လာလိုသည့်ပညာရှင်များရှိပါက လာရောက်လေ့လာနိုင်မည့် အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

 အဆိုပါ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းစက်ရုံ၌ ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော မြန်မာနိုင်ငံတွင် ပထမဦးဆုံးအသုံးပြုမည့်စွမ်း အားအမြင့်ဆုံးနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး စက်ရုံလည်ပတ်စဉ် ကာလ ၂၅ နှစ်အတွင်း လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးလုပ်ငန်း(EPGE)မှ အင်ဂျင်နီယာများအား စက်ရုံတွင်ခေါ်ယူတာဝန်ပေး၍ စက်ရုံလည်ပတ်မှု ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများအား လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့များသည် ကျောက်ဖြူမြို့၊ ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သို့လည်းကောင်း သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့များသည် ကျောက်ဖြူ မြို့ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း၊ ပြည်သူ့ဆေးရုံနှင့် ပညာရေးဒီဂရီကောလိပ်များသို့ သွားရောက်လေ့လာကြည့်ရှုခဲ့။
  • သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းစက်ရုံ၌ ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော မြန်မာနိုင်ငံတွင် ပထမဦးဆုံးအသုံးပြုမည့်စွမ်းအား အမြင့်ဆုံးနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိ။

Add new comment