နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ဇွန်လ ၁၄ ရက်တွင် စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ကြည့်ရှုအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ  လောကနန္ဒာစေတီတော်မြတ်ကြီးနှင့် စကြာမုနိသွန်းစက်တော်ဘုရားသို့ သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးထွန်းညှိပူဇော်ပြီး လှည့်လည်ဖူးမြော်ကာ အလှူငွေများပေးအပ်လှူဒါန်းကြပြီးနောက် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက်နှင့် မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည်ရှုခဲ့ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး၍ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့။

Add new comment