နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးဆွေးနွေးမှာကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက သီးနှံမျိုးများဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှု၊ အပင်အာဟာရပြည့်ဝစွာရရှိရေး ဇီဝမြေဩဇာများ၊ ဓာတ်မြေဩဇာများအသုံးပြု၍ စမ်းသပ်စိုက်ပျိုးခြင်းနှင့် မြေဆီလွှာထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနပြုဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြားနေသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • သုတေသနလုပ်ငန်း (Research and Development) သည် နိုင်ငံတစ်ခုအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန်များ အထွက်နှုန်းကောင်းမွန်ရန်နှင့် အရည်အသွေး ကောင်းမွန်ရန်လိုအပ်သောကြောင့် သုတေသနလုပ်ငန်းများဖြင့် မျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း။
  • စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် ဒွန်တွဲလျက်ရှိပြီး အပြန်အလှန်အကျိုးပြုလျက်ရှိကြောင်း၊ စိုက်ပျိုးရေးမှထွက်ရှိသည့် ထွက်ကုန်များသည် တိရစ္ဆာန်အစားအစာများ ပြုလုပ်၍ရသကဲ့သို့ မွေးမြူရေးတိရစ္ဆာန်များမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ်အသုံးချ၍ရကြောင်း၊ မြေဩဇာများထုတ်လုပ်နိုင်ရေးသုတေသန လုပ်ငန်း များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
  • မြန်မာနိုင်ငံတွင် စိုက်ဧက ၃၃ သန်းရှိပြီး စပါးစိုက်ပျိုးမှုအနေဖြင့် မိုးစပါးစိုက်ဧက ၁၄ သန်းကျော်နှင့် နွေစပါးစိုက်ဧက ၃ သန်းခန့်ရှိကြောင်း၊ အဆိုပါမြေများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို သီးထပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဆိုပါက စပါးထွက်ရှိမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။
  • မွေးမြူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးတို့ကို အဓိကစားသုံးကြပြီး အခြေခံကျသည့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မွေးမြူရေးပညာရှင်များနှင့် မွေးမြူရန်လိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင် စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ၊ ကောလိပ်နှင့်တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ပညာရှင်များမွေးထုတ်ပေးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခရိုင်များတိုးချဲ့ ဖွဲ့စည်းလျက်ရှိပြီး ခရိုင်များအလိုက် နည်းပညာဆိုင်ရာသင်တန်းကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးသည့် အသက်မွေးဝမ်းကြောင်း တစ်ခုဖြစ်သဖြင့် နိုင်ငံအတွက်အကျိုးရှိသည့် သုတေသနလုပ်ငန်းများကို စနစ်တကျဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ရေးအတွက် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့ပါသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးသုတေသနဦးစီးဌာနဝန်ထမ်းများကို သုတေသနအောင်မြင်မှုများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

  • စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် ဒွန်တွဲလျက်ရှိပြီး အပြန်အလှန်အကျိုးပြုလျက်ရှိ၊ စိုက်ပျိုးရေးမှထွက်ရှိသည့် ထွက်ကုန်များသည် တိရစ္ဆာန်အစားအစာများ ပြုလုပ်၍ရသကဲ့သို့ မွေးမြူရေးတိရစ္ဆာန်များမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးချ၍ရ၊ မြေဩဇာများထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်း များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလို။
  • မိမိအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင် စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးသိပ္ပံကျောင်းများ၊ ကောလိပ်နှင့်တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ။
  • စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ပညာရှင်များမွေးထုတ်ပေးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ လုံလောက်စွာ ရရှိမည်ဖြစ်၊ မိမိတို့အနေဖြင့် ခရိုင်များတိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး ခရိုင်များအလိုက် နည်းပညာဆိုင်ရာသင်တန်းကျောင်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်။
  • စိုက်ပျိုးရေးလုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးသည့် အသက်မွေးဝမ်းကြောင်း တစ်ခုဖြစ်သဖြင့် နိုင်ငံအတွက်အကျိုးရှိသည့် သုတေသနလုပ်ငန်းများကို စနစ်တကျဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလို။

Add new comment