နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စစ်တွေမြို့ရှိ ပြည်နယ်အဆင့် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇွန်လ ၁၃ ရက်တွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့် အစိုးရအဖွဲ့ များ၊ ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာတွင်-

  • ရခိုင်ပြည်နယ်သည် စတုရန်းမိုင် ၁၄,၈၀၀ ကျော်ရှိပြီး ကမ်းရိုးတန်းဒေသဖြစ်၍ ကျွန်း ပေါင်း ၁၄၄ ကျွန်းတွင် လူနေထိုင်သည့်ကျွန်း ၉၄ ကျွန်းရှိကြောင်း။
  • ရေလုပ်ငန်းသည် ပြည်နယ်၏ အားသာချက်တစ်ခုအဖြစ် ဒေသခံပြည်သူအများစု လုပ်ကိုင်သောလုပ်ငန်းဖြစ်ပြီး မိရိုးဖလာသမားရိုးကျ လုပ်ကိုင်မှုအစား သိပ္ပံနည်းကျ အဆင့်မြှင့်တင်၍ ကျွမ်းကျင်သော အတတ်ပညာရှင်များ၏ အကူအညီရယူ၍ စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများ လျင်မြန်စွာ ကောင်းမွန်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကို များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။
  • ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကန့်သတ်ချက်များ အဆင့်လိုက်ဖြေလျှော့ထားပြီးဖြစ်၍ မြောက်ဦးရှေးမြို့ဟောင်းနှင့် ငပလီနှင့် ကမ်းရိုးတန်းတစ်လျှောက် အပန်းဖြေကမ်းခြေများကို ခရီးသွားများစိတ်ဝင်စားမှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း။
  • စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိုးစပါးတစ်ဧကလျှင် တင်း ၁၀၀၊ နွေစပါးတင်း ၁၂၀ စသ ဖြင့် သတ်မှတ်ပေးထားရာ မြေပြင်အမှန်ထွက်ရှိသည့် သီးနှံအထွက်များကို ပန်းတိုင် အထွက်နှုန်းနှင့် နှိုင်းယှဉ်သုံးသပ်၍ ပြည့်မှီအောင်ထွက်ရှိရေး ဆောင်ရွက်ရန်လိုကြောင်း နှင့် ကျောက်တော်တွင် ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသိပ္ပံကျောင်းကိုလည်း ဒေသ စိုက်ပျိုးရေးအတွက် အားကိုးအားထားပြုရသည့် ပညာရှင်များမွေးထုတ်နိုင်ရေး လုပ်ဆောင်ကြရန်လိုကြောင်း။
  • သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်၍ သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းတိုက်ခတ်မှုကို ကြုံတွေ့ရတတ်သည့် ပြည်နယ်တစ်ခုဖြစ်သဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိအောင်လုပ်၍ ကာကွယ်မှုများလုပ်ဆောင်ရန်လိုကြောင်း။
  • အားကစားကဏ္ဍနှင့်ပတ်သက်၍ ပြည်နယ်အတွင်း ထူးချွန်သူများ ထပ်မံပေါ်ထွက်လာစေရန် လေ့ကျင့်မွေးမြူသွားရန်လိုအပ်ပြီး လေ့ကျင့်ရာတွင် ပြည်နယ်စံချိန်၊ နိုင်ငံတော်စံချိန်နှင့် အရှေ့တောင်အာရှအဆင့်မှသည် ကမ္ဘာ့စံချိန်အထိ ရည်မှန်း၍ စံချိန်ချိုးနိုင်မည့် အနေအထားတစ်ခုထိရောက်ရှိရေး ကြိုးစားလေ့ကျင့်ရန်လိုကြောင်း၊ အားကစား သည် နိုင်ငံတော်အတွက် ဂုဏ်တစ်ရပ်ဖြစ်၍ အားကစားကဏ္ဍကို မြှင့်တင်ရန်လိုကြောင်း။
  • ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းမှ ALP အဖွဲ့သည် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်လုပ်ငန်းညှိနှိုင်းရေးအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း။
  • ကျန်ရှိသော EAO များကိုလည်း ဆက်လက်လက်ခံ တွေ့ဆုံဆွေးနွေးခြင်းမှတဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်လျက်ရှိတာကိုလည်း သိရှိကြစေလို ကြောင်း။
  • ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအကြီးအကဲများမှ အောက်ခြေအထိ အဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ရမည့်အပြင်  မိသားစုစိတ်ဖြင့် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမှစ၍ ပံ့ပိုးစောင့်ရှောက်ပေးရန်လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်၏ တိုးတက်ရာတိုးတက်ကြောင်း အတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်၏ ယုံကြည်ကိုးစားမှုရရှိအောင် ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စစ်တွေမြို့ရှိ ပြည်နယ်အဆင့်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • ရေလုပ်ငန်းကို မိရိုးဖလာသမားရိုးကျ လုပ်ကိုင်မှုအစား သိပ္ပံနည်းကျ အဆင့်မြှင့်တင်၍ ကျွမ်းကျင်သော အတတ်ပညာရှင်များ၏ အကူအညီရယူ၍ စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများ လျင်မြန်စွာ ကောင်းမွန်၍ အ လုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး ဒေသဖွံ့ဖြိုးရေးကိုများစွာ အထောက် အကူပြုနိုင်မည်ဖြစ်။
  • ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကန့်သတ်ချက်များ အဆင့်လိုက် ဖြေလျှော့ထားပြီးဖြစ်၍ မြောက်ဦးရှေးမြို့ဟောင်းနှင့် ငပလီနှင့် ကမ်းရိုးတန်းတစ်လျှောက် အပန်းဖြေကမ်းခြေများကို ခရီးသွားများ စိတ်ဝင်စားမှုရှိစေရေး ဆောင်ရွက်သွားရန်လို။
  • သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်၍ သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းတိုက်ခတ်မှုကို ကြုံတွေ့ရတတ်သည့် ပြည်နယ်တစ်ခုဖြစ်သဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိအောင်လုပ်၍ ကာကွယ်မှုများလုပ်ဆောင်ရန်လို။
  • ရခိုင်ပြည်နယ်အတွင်းမှ ALP အဖွဲ့သည် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးအကောင် အထည်ဖော်လုပ်ငန်းညှိနှိုင်းရေးအဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်။
  • ကျန်ရှိသော EAO များကိုလည်း ဆက်လက်လက်ခံ တွေ့ဆုံဆွေးနွေးခြင်းမှတဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည်ဆောင်ရွက်လျက်ရှိတာကိုလည်း သိရှိကြစေလို။
  • ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအကြီးအကဲများမှ အောက်ခြေအထိ အဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ရမည့်အပြင်  မိသားစုစိတ်ဖြင့် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမှစ၍ ပံ့ပိုးစောင့်ရှောက်ပေးရန်လိုအပ်။

Add new comment