မြို့နယ်အချို့၌ အကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ကုန်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများပြုလုပ်

 

မြို့နယ်အချို့၌ PDF အကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ကုန်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများပြုလုပ်လျက်ရှိရာ-

  • ဇွန်လ ၁၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးကျေးရွာ ဘောလုံးကွင်းအနီး၌ PDF အကြမ်းဖက်သမားများက ထားဝယ်-မြိတ် ကားလမ်းအတိုင်းမောင်းနှင်လာသည့် ကုန်တင်ယာဉ် ၁ စီးအားတားဆီးကာ ကုန်တင်ယာဉ်နှင့်ယာဉ်ပေါ်ပါပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့။

  • ဇွန်လ ၁၁ ရက်တွင် "ကံရာမင်း” ခရီးသည်တင်ယာဉ်သည် မုံရွာမြို့ဘက်မှ ရွှေဘိုမြို့ဘက်သို့ထွက်ခွာလာစဉ် မုံရွာ-အရာတော်-ရွှေဘိုကားလမ်း၊ မိုင်တိုင်အမှတ် ၂၂ မိုင်၌ PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်၏ကိုယ်ထည်ယာဘက်ခြမ်းရှိ ပြတင်းပေါက်မှန်များ၊ အရှေ့ယာဘက်ခြမ်း လေကာမှန်နှင့် ယာဉ်နောက်ဘီးအထက်ကိုယ်ထည်တို့တွင် မိုင်းစထိမှန်ပျက်စီးခဲ့။

PDF အကြမ်းဖက်သမားများက စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအားဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားယာဉ်များကိုပါ အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ်ထိခိုက်သေကြေနိုင်သည်အထိ အကြမ်းဖက်မှုများအား ကျူးလွန်လျက်ရှိ ပါသည်။ ၎င်းတို့လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကိုလည်း ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။

ထိုကဲ့သို့ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များအား အကြမ်းဖက်တိုက်ခိုက်လုယက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

  • PDF အကြမ်းဖက်သမားများက ထားဝယ်-မြိတ် ကားလမ်းအတိုင်း မောင်းနှင်လာသည့် ကုန်တင်ယာဉ် ၁ စီးအားတားဆီးကာ ကုန်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့။

  • "ကံရာမင်း” ခရီးသည်တင်ယာဉ်သည် PDF အကြမ်းဖက်သမားများ၏ လက်လုပ်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ရာ ယာဉ်၏ကိုယ်ထည်ယာဘက်ခြမ်းရှိ ပြတင်းပေါက်မှန်များ၊ အရှေ့ယာဘက်ခြမ်း လေကာမှန်နှင့် ယာဉ်နောက်ဘီးအထက် ကိုယ်ထည်တို့တွင် မိုင်းစထိမှန်ပျက်စီးခဲ့။

 

 

Add new comment