မြန်မာ့ပင်လယ်ပြင်အတွင်း စက်လှေနစ်မြုပ်ပြီး လှေငယ်ဖြင့်မျောပါလာသည့် လှေသားများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၀ ရက်၊ ညနေပိုင်းတွင် ကိုကိုးကျွန်း၏မြောက်ဘက်ကမ်းခြေအနီး၌ လှေငယ်တစ်စင်းမျောပါလာသည်ကိုတွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ သစ်သားလှေတစ်စင်းပေါ်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပြင်စလူမြို့နယ်၊ ကုန်းကြီးကျေးရွာနေ ဦးစိုးပိုင် အပါအဝင် လှေသား ၇ ဦးအား တွေ့ရှိရသဖြင့် ကူညီကယ်ဆယ်ပေးခဲ့ပါသည်။

          ၎င်းတို့အား စစ်ဆေးမေးမြန်းချက်အရ ဧပြီလ ၂၀ ရက်တွင် သစ်သားချွန်းလှေစက်တစ်စင်းနှင့်အတူ ပြင်စလူမြို့နယ်မှ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းရန်ထွက်ခွာခဲ့ရာ ဇွန်လ ၄ ရက်တွင် ပါလီပါလဲ့ကျွန်းအနီးသို့အရောက် ရာသီဥတုဆိုးရွားပြီး စက်လှေမှာရေဝင်နစ်မြုပ်သွားခဲ့သဖြင့် ကိုကိုးကျွန်းအနီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

          အဆိုပါလှေနှင့်မျောပါလာသည့် လှေသား ၇ ဦးအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကိုကိုးကျွန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • ကိုကိုးကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ကိုကိုးကျွန်း၏မြောက်ဘက်ကမ်းခြေအနီး၌ သစ်သားလှေတစ်စင်းပေါ်၌ လှေသား ၇ ဦးအား တွေ့ရှိရသဖြင့်ကူညီကယ်ဆယ်ပေးခဲ့။

Add new comment