ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခကောက်ခံသည့် Toll Gate အား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖျက်ဆီး၊ ငွေများအား လုယက်ယူဆောင်

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခကောက်ခံရေးဂိတ်၌ ဝန်ထမ်းအမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦးဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်နေစဉ် လက်နက်ငယ်များကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၀ ဦးခန့်က မော်တော်ဆိုင်ကယ် ၁၀ စီး၊ မော်တော်ယာဉ် ၁ စီး တို့ဖြင့် ရောက်ရှိလာပြီး ဝန်ထမ်းများကိုင်ဆောင်သည့်လက်ကိုင်ဖုန်းများအား သိမ်းဆည်း၍ ဝန်ထမ်းများအား လမ်းဘေး၌မှောက်ခိုင်းထားပြီး ဂိတ်အနီးရှိဝန်ထမ်းနားနေဆောင်များအား မီးရှို့ဖျက်ဆီး၍ မှန်များအား ရိုက်ခွဲဖျက်ဆီးကာ လမ်းအသုံးပြုခကောက်ခံရရှိငွေ ကျပ်သိန်း ၅၀ ကို ခြိမ်းခြောက်ယူဆောင်သွားကြောင်းနှင့် ဂိတ်အတွင်းကားလမ်းပေါ်၌လည်း မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရေးအတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူသွားလာနေသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်းများအပြင် ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ချောမွေ့စေရန် ဆောင်ရွက်ပေးနေသည့် လမ်းအသုံးပြုခကောက်ခံရေးဂိတ်များရှိဝန်ထမ်းများအား ခြိမ်းခြောက်၍ ငွေများလုယက်ခြင်းနှင့် အဆောက်အဦများကိုဖျက်ဆီးခဲ့ခြင်း စသည့်အောက်တန်းကျသော လုပ်ရပ်များကိုပါ   ယုတ်မာရက်စက်စွာ လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများက ၎င်းတို့အပေါ် လွန်စွာစက်ဆုပ် မုန်းတီးလျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ Toll Gate ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နေ့စဉ်လမ်းအသုံးပြုခကောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အကြမ်းဖက်လုယက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • PDF အကြမ်းဖက်သမား ၂၀ ဦးခန့်သည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခကောက်ခံရေးဂိတ်၌ လုပ်ငန်းတာဝန်များဆောင်ရွက်နေသည့် ဝန်ထမ်းများအား ခြိမ်းခြောက်၍ ဂိတ်အနီးရှိဝန်ထမ်းနားနေဆောင်များအား မီးရှို့ဖျက်ဆီးပြီး မှန်များအားရိုက်ခွဲဖျက်ဆီးကာ လမ်း အသုံးပြုခ ကောက်ခံရရှိငွေ ကျပ်သိန်း ၅၀ ကို ခြိမ်းခြောက်ယူဆောင်သွားသည့်အပြင် ဂိတ်အတွင်းကားလမ်းပေါ်၌လည်း မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ခဲ့။

  • PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချောမွေ့စေရန် ဆောင်ရွက်ပေးနေသည့် လမ်းအသုံးပြုခကောက်ခံရေးဂိတ်များရှိ ဝန်ထမ်းများအားခြိမ်းခြောက်၍ ငွေများလုယက်ခြင်းနှင့် အဆောက်အဦများကိုဖျက်ဆီးခဲ့ခြင်း စသည့်အောက်တန်းကျသော လုပ်ရပ်များကိုပါ   ယုတ်မာရက်စက်စွာ လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများက ၎င်းတို့အပေါ် လွန်စွာ စက်ဆုပ်မုန်းတီးလျက်ရှိ။

Add new comment