ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန်လ ၆ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကလေးတပ်နယ် နယ်မြေခံတပ်ရှိ အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ရာ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် သန့်ဇင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အလင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြပါသည်။
ဗိုလ်မှူးချုပ်သန့်ဇင်ဦးက ဆုံးမအမှာစကားပြောကြားပြီး ကလေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဝင်ရောက်ခိုလှုံခဲ့သည့် PDF အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဗိုလ်မှူးချုပ်သန့်ဇင်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို အသိအမှတ်ပြုကတ်ပြားများ၊ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
- ဗိုလ်မှူးချုပ်သန့်ဇင်ဦးက ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို အသိအမှတ်ပြုကတ်ပြားများ၊ ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့။
Add new comment