မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ဇွန်လ ၉ ရက်၊ ည ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ် ၁ စီးအား အကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါအမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဉ်တွင် စစ်တောင်းကျေးရွာနေ ကိုအောင်မျိုးသူမောင်းနှင်ပြီး ကိုနေလင်းထွန်း၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုကျော်ဇင်ဦး(ခ)ငပွားတို့ လိုက်ပါလာသည့် လူနာတင်ယာဉ်သည် ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ လူနာသွားရောက်ပို့ဆောင်ပြီး စစ်တောင်းကျေးရွာ သို့ ပြန်လည်ထွက်ခွာလာစဉ် အင်္ဂဘိုကျေးရွာအနီးအရောက်တွင် အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကိုပြည့်ဖြိုးအောင်နှင့် ကိုကျော်ဇင်ဦး (ခ)ငပွားတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ကိုပြည့်ဖြိုးအောင်မှာ ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ ပါသည်။
အကြမ်းဖက်သမားများသည် ပြည်သူလူထု၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း များကို ဆောင်ရွက်ပေးနေသည့် ကုသရေးစင်တာများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်း မာရေးဝန်ထမ်းများအား အကြောင်းမဲ့နှောင့်ယှက်တိုက်ခိုက်လျက်ရှိသည်သာမက ပြည် သူလူထု၏ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းမှနေ၍ ကူညီစောင့်ရှောက်ပေးနေသည့် စေတနာ့ဝန်ထမ်းများကိုပါ တိုက်ခိုက်လျက်ရှိပါသည်။ ထို့ကြောင့် အကြမ်းဖက်သမား များ၏လုပ်ရပ်များအပေါ် အများပြည်သူများက ရွံရှာမုန်းတီးလျက်ရှိပြီး အဆိုပါ အကြမ်း ဖက်သမားများ၏ အဖွဲ့အစည်းများကို အမြန်ဆုံးအမြစ်ပြတ်စေလိုသည့်ဆန္ဒများ ဖြစ်ပေါ် လျက်ရှိပါသည်။
ထိုသို့ လူနာတင်ယာဉ်အား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
-
ကျိုက်ထိုမြို့နယ်၌ လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ် ၁ စီးအား အကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါအမျိုး သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့။
-
လူနာတင်ယာဉ်အား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများ ကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိ။
Add new comment