နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများအားတွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၀ ရက်တွင် သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများအား  ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

          တွေ့ဆုံပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်မှချမှတ်ထားသည့် ရေကြောင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေရေး စနစ်တကျဖြင့် ကွပ်ကဲကြပ်မတ်ရမည်ဖြစ်သကဲ့သို့ စည်းကမ်းချိုးဖောက်သည့် ရေယာဉ်များ၊ သင်္ဘောများမရှိစေရေးဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားသယ်ဆောင်နေမှုများမရှိစေရေး တားဆီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

  • တပ်ဌာနချုပ်တစ်ခု၏ ကောင်းခြင်း၊ မကောင်းခြင်းသည် ယင်းတပ်ကို ဦးဆောင်ရသည့် ဦးစီးခေါင်းဆောင်များနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိပြီး ခေါင်းဆောင်မှုကောင်းစွာဖြင့် ကွပ်ကဲအုပ်ချုပ်နိုင်မှသာလျှင် တပ်ကောင်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။

  • မိမိ၏ခေါင်းဆောင်မှုကို မြှင့်တင်နိုင်ရေးအတွက် ထိုးထွင်းတီထွင်ကြံဆ လုပ်ဆောင်နိုင်မှုနှင့် ခေါင်းဆောင်ကောင်းတစ်ယောက်နှင့်လျော်ညီစွာ နေထိုင်ပြောဆိုလုပ်ကိုင် ဆောင်ရွက်မှုတို့သည်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိကိုယ်တိုင် စနစ်တကျနေထိုင်သွားလာတတ်မှုနှင့် မိမိတာဝန်ယူရသည့် တပ်ဌာနချုပ်ကို ကောင်းမွန်အောင် ကွပ်ကဲအုပ်ချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး နေ့စဉ်လုပ်ဆောင်ရမည့်တာဝန်များကို မှန်မှန်ကန်ကန်ဖြင့် လုပ်ဆောင်နေရမည်ဖြစ်ကြောင်း။

  • ဦးစီးခေါင်းဆောင်များအနေဖြင့် အဆင့်ဆင့်သော ကွပ်ကဲအုပ်ချုပ်မှုများဖြင့် စည်းကမ်းစနစ်တကျရှိနေရမည်ဖြစ်ပြီး လုပ်ငန်းစဉ်များအားလုံးကို အဆင့်အလိုက် မှန်မှန်ကန်ကန်ဖြစ်နေရမည်ဖြစ်ကြောင်း၊ ထူးချွန်ခြင်း၊ ကျွမ်းကျင်ခြင်းသည် တာဝန်တစ်ခု၊ နယ်ပယ်တစ်ခုအတွက်သာဖြစ်ပြီး ဘက်ပေါင်းစုံမှ တွေးခေါ်မြော်မြင်မှု ကောင်းစွာဖြင့် ဆောင်ရွက်တတ်ခြင်းသည် ခေါင်းဆောင်မှုကောင်းခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ရန် မိမိကိုယ်တိုင် လေ့လာအားထုတ်မှုပြုရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သန်လျင်တပ်နယ်နှင့် ဒလတပ်နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

  • နိုင်ငံတော်မှချမှတ်ထားသည့် ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိစေရေး စနစ်တကျဖြင့် ကွပ်ကဲကြပ်မတ်ရမည်ဖြစ်သကဲ့သို့ စည်းကမ်းချိုးဖောက်သည့် ရေယာဉ်များ၊ သင်္ဘောများမရှိစေရေးဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားသယ်ဆောင်နေမှုများမရှိစေရေး တားဆီး ဆောင်ရွက်ရမည်ဖြစ်။

  • ထူးချွန်ခြင်း၊ ကျွမ်းကျင်ခြင်းသည် တာဝန်တစ်ခု၊ နယ်ပယ်တစ်ခုအတွက်သာဖြစ်ပြီး ဘက်ပေါင်းစုံမှ တွေးခေါ်မြော်မြင်မှု ကောင်းစွာဖြင့် ဆောင်ရွက်တတ်ခြင်းသည် ခေါင်းဆောင်မှုကောင်းခြင်းဖြစ်။

Add new comment