ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်နေ့သင်တန်းများ ဖွင့်လှစ်မည့်ရက်နှင့် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်ရက်အား ကြေညာ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် (၂၀၁၉-  ၂၀၂၀) ပညာသင်နှစ်နှင့် (၂၀၂၁-၂၀၂၂ )ပညာသင်နှစ်များအတွက်  ဥပဒေပညာစတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ပညာရေးစတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း(ပထမနှစ်ဝက်)နှင့် မဟာဘွဲ့သင်တန်း ဒုတိယနှစ်(ပထမနှစ်ဝက်)တို့အား (၆-၁-၂၀၂၂) ရက်နေ့တွင် စတင်ဖြစ်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လနှင့်ဧပြီလတို့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ၃၁-၃-၂၀၂၂ ရက်မှ ၉-၄-၂၀၂၂ အထိ ကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာချက်ထုတ်ပြန် ထားပါသည်။

  • (၂၀၁၉-၂၀၂၀) ပညာသင်နှစ်နှင့် (၂၀၂၁-၂၀၂၂ )  ပညာသင်နှစ်များအတွက်  ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)ပညာရေးစတုတ္ထနှစ်(ဒုတိယနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း(ပထမနှစ်ဝက်)နှင့် မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်) တို့အား (၆-၁-၂၀၂၂) ရက်နေ့တွင် စတင်ဖြစ်ဖွင့်လှစ်မည်ဖြစ်။
  • ၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဧပြီလတို့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို   ၃၁-၃-၂၀၂၂ ရက်မှ ၉-၄-၂၀၂၂ အထိ ကျင်းပသွားမည်ဖြစ်။