PDF အကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းအား Drone ယာဉ်များ အသုံးပြုကာ လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်

 

ဇွန်လ ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပုလဲကူ ကျေးရွာနေ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်တံခါးပေါက်အနီးသို့ PDF အကြမ်းဖက်သမားများက ကလေးသူငယ်များအား ပညာသင်ကြားမှုမပြုရန်နှင့် သင်ကြားမည်ဆိုပါက ဆရာမကြီးရဲ့အသက်ကို အာမခံမပေးနိုင်ပါ ဟူသောစာသားပါ စာတစ်စောင်ကို 9MM LUGER ကျည်တစ်တောင့်နှင့်အတူ ပေးပို့ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါသည်။

          ထို့အပြင် ဇွန်လ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း (တည်သီးတော)၌ ဆရာ၊ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြားပေးနေစဉ် PDF အကြမ်းဖက်သမားများက ယုတ်မာရိုင်း စိုင်းသော ရည်ရွယ်ချက်ဖြင့် Drone ယာဉ်များအသုံးပြု၍ လက်လုပ်ဗုံးသီးများဖြင့် လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျောင်းအနီး လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် လိုက်လံပစ်ချခဲ့ရာ DJI-1313 အမျိုး အစား Drone ၁ စီးအား သိမ်းဆည်းရမိခဲ့ပါသည်။ အကြမ်းဖက်သမားများ၏ Drone ဖြင့် ဗုံးခွဲမှုကြောင့် ကျောင်းဝန်းအတွင်းရှိ စာသင်ကျောင်းဆောင်များပေါ်သို့ ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆောင်အမိုးများ ပေါက်ပြဲပျက်စီးခဲ့ပါသည်။                   NUG ၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် ကလေးငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာ စေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ရည်ရွယ်ချက် များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ပြည်သူများအနေဖြင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ် များအပေါ် စက်ဆုပ်ရွံရှာသည့်အပြင် ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိပါသည်။ ယခု ကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာ ကွန်ဗန်းရှင်းတွင် ပြဋ္ဌာန်းထားသည့် အချက်များနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပါသည်။

          ယခုကဲ့သို့ ကျောင်းအဆောက်အဦများအား Drone ယာဉ်များဖြင့် ဖောက်ခွဲဖျက် ဆီးခဲ့သူများနှင့် ကျောင်းအုပ်ဆရာမကြီး၏နေအိမ်သို့ ခြိမ်းခြောက်စာပေးပို့ခဲ့သူများ အား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။                              

  • ရေဖြူမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်သို့ PDFအကြမ်းဖက်သမားများက ကလေးသူငယ်များအား ပညာသင်ကြားမှုမပြုရန်နှင့် သင်ကြားမည်ဆိုပါက ဆရာမကြီးရဲ့အသက်ကို အာမခံမပေးနိုင်ပါဟူသောစာသားပါ စာတစ်စောင်ကို 9MM LUGER ကျည်တစ်တောင့်နှင့်အတူ ပေးပို့ခြိမ်းခြောက်ခဲ့။
  • ရွှေဘိုမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း(တည်သီးတော)အား PDF အကြမ်း ဖက်သမားများက Drone ယာဉ်များအသုံးပြုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ကျောင်းဝန်းအတွင်းရှိ စာသင်ကျောင်းဆောင်များပေါ်သို့ ဗုံးသီး ၃ လုံးကျရောက် ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆောင်အမိုးများ ပေါက်ပြဲပျက်စီးခဲ့။
  • စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း တွင် ပြဋ္ဌာန်းထားသည့် အချက်များနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်။

Add new comment