“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှု အကူအညီစီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့တို့ကို ဇွန်လ ၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အစည်းအဝေး၌ ၂၀၂၂ ခုနှစ်၊ ဇွန်လပထမအပတ်တွင် AHA Centre နှင့် ASEAN-ERAT အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည့် လိုအပ်ချက်ပူးတွဲလေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီးနောက်-
- ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပေါ် ရှင်းလင်းပြောကြားပြီး ညှိနှိုင်းအစည်းအဝေး ရလဒ်တစ်ခုဖြစ်သည့် ပူးတွဲကာကွယ်ဆေးထိုးနှံရေးမူဘောင်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေရေးဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
ထို့နောက် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များကလည်း လိုအပ်ချက်ပူးတွဲလေ့လာဆန်း စစ်ခြင်းလုပ်ငန်းစဉ်လုံခြုံစွာနှင့် အောင်မြင်မှုရှိစွာ ပြီးမြောက်စေရေးအပါအဝင် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးလုပ်ငန်းများတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ ပံ့ပိုးကူ ညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
- ဇွန်လ ၉ ရက်တွင် AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှု အကူအညီစီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ကမ္ဘောဒီးယားနိုင်ငံကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေရေးဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍လည်းကောင်းစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့။
Add new comment