NUG/PDF အကြမ်းဖက်သမားများက မြို့နယ်အချို့၌ စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်းနှင့် လမ်းဆုံလမ်းခွများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်

ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ NUG အဖွဲ့၏ စီစဉ်စေခိုင်းချက်များအရ  PDF အမည်ခံ အကြမ်းဖက်သမားများက စာသင်ကျောင်းများနှင့် ကျောင်းသုံးစာရွက်စာတမ်းများအား မီးလောင်ပျက်စီးစေရန် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာတွင်-

· ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၌ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)ရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း RC ၂ ထပ်ကျောင်းဆောင်အား ဓာတ်ဆီလောင်းမီးရှို့ခဲ့သော်လည်း မီးလောင်ပျက်စီးမှုမရှိကြောင်း။

· မော်လမြိုင်ကျွန်းမြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ထိန်းသိမ်းထားရှိသည့် သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာအုပ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း။

· ဗန်းမောက်မြို့၊ မြနန္ဒာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား ဓာတ်ဆီပုလင်းများဖြင့် မီးရှို့ပစ်ပေါက် ခဲ့သော်လည်း ကျောင်းအဆောက်အဦ မီးလောင်ပျက်စီးမှုမရှိကြောင်း။

· ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘောဝမ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ပြည်ထောင်စုလမ်းနှင့် GTC လမ်း ဆုံတွင် ဒေသန္တရလက်လုပ်မိုင်း ၃ လုံး၊ ဘိုးဘွားရိပ်သာလမ်းနှင့် GTC လမ်းဆုံတွင် ဒေသန္တရလက်လုပ်မိုင်း ၃ လုံး၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁ လုံး၊ Radio Control Box ၁ ခု၊ ပေ ၅၀ ခန့်အရှည်ရှိ ဝါယာကြိုး ၂ ချောင်းတို့ဖြင့် ချိတ်ဆက် ၍ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေကျေပျက်စီးစေရန်အတွက် မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

NUG လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်  အဖွဲ့များက အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ အကြမ်းဖက်လုပ်ရပ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ နိုင်ငံ့အနာဂတ်ဖြစ်သော ကလေးသူငယ်များ၏ ပညာသင်ကြားမှုကို ဖျက်ဆီးရန်အတွက်လည်းကောင်း၊ အေးချမ်းစွာ နေထိုင်သော ဒေသခံပြည်သူများအား ထိတ်လန့်၍ ထိခိုက်ဒဏ်ရာရစေရန်အတွက်လည်းကောင်း၊ အစိုးရ၏ယန္တရားကို ပျက်ပြားစေရန်အတွက်လည်းကောင်း စသည့် ရည်ရွယ်ချက်မျိုးစုံဖြင့် ဆင်ခြင် တုံတရားနည်းပါးစွာ အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများအား မီးလောင်ပျက်စီးစေရန် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိထိရောက်ရာက်အရေးယူနိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ဗန်းမောက်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်များ တွင် PDF အမည်ခံအကြမ်းဖက်သမားများက စာသင်ကျောင်းများနှင့် ကျောင်းသုံးစာရွက်စာတမ်းများအား မီးလောင် ပျက်စီးစေရန် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့။
  • စာသင်ကျောင်းများအား လက်လုပ်မိုင်းအသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိ။