နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားညီလာခံပြည်ထောင်စုခန်းမအဆောက်အဦနှင့် ဆက်စပ်အဆောက်အဦများအား ကြည့်ရှုစစ်ဆေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၈ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ရေးဆွဲရန် အမျိုးသားညီလာခံကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆောက်အဦများပျက်စီးယိုယွင်းနေမှုများနှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦများသည် နိုင်ငံတော်အတွက်အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲဖော်ဆောင်ခဲ့သည့် သမိုင်းဝင်အဆောက်အဦများဖြစ်ပြီး ယခင်ခေတ်အဆက်ဆက်က သမိုင်းဝင်အဆောက်အဦများကို တတ်နိုင်သမျှထိန်းသိမ်းထားခဲ့ကြောင်း၊ ယခုထိန်းသိမ်းမှုများ အားနည်းခဲ့သည့်အတွက် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် အလေးထားထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်းမှာကြားခဲ့ပြီး ပြည်ထောင်စုခန်းမကြီးနှင့် အနော်ရထာရိပ်သာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါ အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမအဆောက်အဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလယ် ၇၀၂ ဦးဖြင့် အမျိုးသားညီလာခံ ၇ ကြိမ် ကျင်းပခဲ့ကြောင်း၊ အမျိုးသားညီလာခံ ကျင်းပပြုလုပ်ရာမြေနေရာသည် ဧရိယာအားဖြင့် ၅၈၅ ဒသမ ၈၁ ဧကကျယ်ဝန်းပြီး ဧက ၂၀၀ ကို စိုက်ပျိုးရေးဇုန်အဖြစ်လည်းကောင်း၊ ဧက ၁၀၀ ခန့်ကို မွေးမြူရေးဇုန်အဖြစ်လည်းကောင်း အသုံးပြုထားကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ အားနည်းခဲ့သဖြင့် ယခုကဲ့သို့ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး ယခုအခါ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ရန်ကုန်မြို့ မိုင် ၃၀ ပတ်ဝန်းကျင် စိမ်းလန်းသာယာရေး၊ ရန်ကုန်မြို့တော်နေပြည်သူများ စားသောက်မှုအဆင်ပြေစေရေးအတွက် ယခင်တပ်မတော်အစိုးရ အဆက်ဆက် တာဝန်ယူဆောင်ရွက်စဉ်ကတည်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဇုန်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။
  • ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အနေဖြင့် သီးနှံပင်များကို စိုက်ပျိုးလျက်ရှိပြီး စားရေးအတွက် အထောက်အကူပြုသည့် နှစ်ရှည်ပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ မာလကာ၊ ရှောက် စသည့် အပင်များစိုက်ပျိုးရန်လိုသကဲ့သို့ ဟင်းသီးဟင်းရွက် သီးနှံပင်များကိုလည်း အောင်မြင်အောင် စိုက်ပျိုးရန်လိုကြောင်း။
  • ရန်ကုန်မြို့တော်ရှိပြည်သူများ စားသောက်ရန်အတွက် အသားနှင့်ငါးများ နေ့စဉ်လိုအပ်ချက်ရှိသဖြင့် ငါးများပြည့်ဝစွာရရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးသည် လူများစားသုံးသည့်အသားများထဲတွင် ဈေးနှုန်းအသက်သာဆုံးဖြစ်သည့်အတွက် ရေရှည်တွင် ငါးသယံဇာတပစ္စည်းများ ပြည့်ဝစွာထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း လှည့်လည်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိမ်းလန်းသမဝါယမအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ဓာတုကင်းလွတ်ဟင်းသီးဟင်း ရွက်စိုက်ခင်းနှင့် CJ Feed Myanmar ကြက်မွေးမြူရေးလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲရန် အမျိုးသားညီလာခံကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့။
  • အဆိုပါ အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမအဆောက်အဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အစုအဖွဲ့ ဖွဲ့မှ ကိုယ်စားလယ် ၇၀၂ ဦးဖြင့် အမျိုးသား ညီလာခံ ကြိမ် ကျင်းပခဲ့။
  • ရန်ကုန်မြို့ မိုင် ၃၀ ပတ်ဝန်းကျင် စိမ်းလန်းသာယာရေး၊ ရန်ကုန်မြို့တော် နေပြည်သူများ စားသောက်မှုအဆင်ပြေစေရေးအတွက် ယခင်တပ်မတော်အစိုးရ အဆက်ဆက် တာဝန်ယူဆောင်ရွက်စဉ်ကတည်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဇုန်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်။
  • ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အနေဖြင့် သီးနှံပင်များကို စိုက်ပျိုးလျက်ရှိပြီး စားရေးအတွက် အထောက်အကူပြုသည့် နှစ်ရှည်ပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ မာလကာ၊ ရှောက် စသည့် အပင်များစိုက်ပျိုးရန်လိုသကဲ့သို့ ဟင်းသီးဟင်းရွက် သီးနှံပင်များကိုလည်း အောင်မြင်အောင် စိုက်ပျိုးရန်လို။

Add new comment