တန့်ကြည်တောင်ဘုရားအား ဖူးမျှော်ကြည်ညိုရန် လာရောက်သည့်ဘုရားဖူးယာဉ်ကို PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်

 

ဇွန်လ ၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရှော်တောမှော်ကျေးရွာ၌နေထိုင်သည့် ဦးမြင့်သန်း(၆၉)နှစ်သည် မိသားစုဝင် ၆ ဦး နှင့်အတူ ဧည့်လမ်းညွှန်တစ်ဦးလိုက်ပါ၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရား အားဖူးမျှော်ကြည်ညိုရန် တန့်ကြည်တောင်ကျေးရွာဆိပ်ကမ်းမှတစ်ဆင့် Hijet အမျိုးအစား မော်တော်ယာဉ်ဖြင့် ဘုရားကုန်းပေါ်သို့ သွားရောက်စဉ် လမ်းတစ်ဝက်သို့အရောက် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးမြင့်သန်းတွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးလာရောက်သည့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ကျန်ရစ်သူမိသားစုများနှင့်အတူ ဒေသခံပြည်သူများအနေဖြင့် စိတ်မကောင်းဝမ်းနည်းမှုများဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ဝိုင်းဝန်းကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

  • တန့်ကြည်တောင်ဘုရားအားဖူးမြော်ကြည်ညိုရန် လာရောက်သည့် ဘုရားဖူးယာဉ်အား PDF အကြမ်းဖက်သမားများက ဘုရားကုန်းပေါ်သို့ တက်ရောက်သည့် လမ်း၌ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်သဖြင့် ဘုရားဖူးပြည်သူတစ်ဦး သေဆုံးခဲ့။

Add new comment