စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် သားဖွား ဆရာမ ၁ ဦးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

 

ဇွန်လ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လင်းယဉ်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမဖြစ်သူ ဒေါ်နွယ်နွယ်စိုး(၄၇)နှစ်သည် ၎င်း၏နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့အင်အား ၂၀ ဦးခန့်က Light Truck အဖြူရောင်ယာဉ်ဖြင့်ရောက်ရှိလာပြီး နေအိမ်အား ဖျက်ဆီး၍ ဒေါ်နွယ်နွယ်စိုးအား ဖမ်းဆီး ခေါ်ဆောင်ကာ လင်းယဉ်ကျေးရွာ၏အရှေ့ဘက် ၄ မိုင်ခန့်အကွာ လင်းယဉ်-ပဒူသွား ကားလမ်းဘေးအနီးအရောက်တွင် ဓားဖြင့်ရက်စက်စွာ ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဒေါ်နွယ်နွယ်စိုးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာလက်ကောက် ဝတ်ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပါသည်။

အကြမ်းဖက်သမားများသည် ၎င်းတို့ကိုထောက်ခံအားပေးခြင်းမပြုသောသူများ၊ တာဝန်သိနိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် တိုက်ခိုက်သတ်ဖြတ်လျက်ရှိရာ တိုင်းရင်းသားပြည်သူလူထုအနေဖြင့် အမြင်မတူသူမှန်သမျှကို ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်လျက်ရှိသည့် PDF အကြမ်းဖက်အဖွဲ့များ ရပ်တည်နိုင်မှုမရှိစေရေးနှင့် ၎င်းတို့ကို ထောက်ပံ့မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဒေသခံပြည်သူများအား ဆေးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမအား ဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • စစ်ကိုင်းမြို့နယ်၌ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးအား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်သွားခဲ့။

Add new comment