ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် လက်နက်၊ ခဲယမ်းများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဉ်များမှ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အဆိုပါလက် နက်၊ ခဲယမ်းအများစုကို ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ရှိ လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်ဖြင့် ပုန်းကွယ် နေထိုင်ကြသူ အကြမ်းဖက်သမားများက ၎င်းမြို့သစ်မှတစ်ဆင့် မြို့ကြီးများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်တွင် နည်းမျိုးစုံဖြင့် သယ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်းများ လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။
လေးကေ့ကော်မြို့သစ်သည် ငြိမ်းချမ်းရေးရလဒ်၏ ပြယုဂ်တစ်ခုဖြစ်၍ တပ်မတော်မှ အဆိုပါလေးကေ့ကော်မြို့သစ်အနီးတွင် ခိုအောင်းလျက်ရှိသော NUG နှင့် PDF အဖွဲ့များ ကို လက်ခံခြင်းမပြုရန် သက်ဆိုင်ရာခေါင်းဆောင်များထံသို့ အသိပေးခဲ့သော်လည်း လက်နက်၊ ခဲယမ်းဖမ်းဆီးရမိမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် NUG နှင့် PDF အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိ ပေးကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ရှာဖွေဖမ်း ဆီးခြင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် NUG အဖွဲ့မှ PDF နှင့် CDM ပြုလုပ်ထားသူ ၂၁ ဦး ဖမ်းဆီးရမိခဲ့သည်။
· အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးလိုသည့် KNU/KNLA ခေါင်းဆောင်တစ်ချို့ပါဝင်သော NUG၊ PDF အမည်ခံအကြမ်းဖက်သမားများက စတင်ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး တချို့ မှာ ဖမ်းဆီးခံခဲ့ရ။
· တပ်မတော်အနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်အလို့ငှာ ထုတ်ပြန်ထားသည့် Rule of Engagement(ROE)နှင့်အညီ လိုအပ်သည့်အင်အား ထပ်မံဖြည့်တင်းပြီး လေကြောင်းပစ်ကူဖြင့် ရန်သူပစ်မှတ်၊ စခန်းများကို ချေမှုန်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲပေါင်း ၂၅ ကြိမ် ဖြစ်ပွားခဲ့။
· လေးကေ့ကော်မြို့သစ်မှလွဲ၍ ကျန်အကြမ်းဖက်သမားများ ခိုအောင်းခဲ့သည့် ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနှင့် ဖလူးကျေးရွာများအား ဖော် ထုတ်ဖမ်းဆီးကာ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်။
· တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းတစ်ချို့နှင့် ဒသမ ၅ စက်သေနတ်ကြီးအပါ အဝင် လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းများ၊ ပြုလုပ်ဆဲ လက်လုပ်သေနတ်များကို သိမ်းဆည်းရမိခဲ့ပြီး အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်လည်း ဖရိုဖရဲထွက် ပြေးလျက်ရှိ။
· တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံအပြစ်မဲ့ပြည်သူလူထုများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ပြန်လည် နေထိုင်နိုင်ရေးအတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကရင်၊ မြန်မာဘာသာစကားများအသုံးပြုကာ အသံချဲ့စက်များဖြင့် ဖိတ်ခေါ်လျက်ရှိ။
· အပြစ်မဲ့ပြည်သူများ မိမိနေထိုင်ရာကျေးရွာများသို့ အမြန်ဆုံး ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ထိုင်း-မြန်မာ နယ်ခြားကော်မတီများမှ ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိ။
လုံခြုံရေးတပ်ဖွဲ့များအနေဖြင့်လည်း လေးကေ့ကော်မြို့သစ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများမရှိစေ ရေး ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် လုံခြုံရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
- ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းအများစုသည် ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ရှိ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် ပုန်းကွယ် နေထိုင်ကြသူ အကြမ်းဖက်သမားများက ၎င်းမြို့သစ်မှတစ်ဆင့် မြို့ကြီးများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်တွင် နည်းမျိုးစုံဖြင့် သယ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်းများ လုပ်ဆောင်ခဲ့။
- လေးကေ့ကော်မြို့သစ်သည် ငြိမ်းချမ်းရေးရလဒ်၏ ပြယုဂ်တစ်ခုဖြစ်၍ တပ်မတော်မှ အဆိုပါလေးကေ့ကော် မြို့သစ်အနီးတွင် ခိုအောင်းလျက်ရှိသော NUG နှင့် PDF အဖွဲ့များကို လက်ခံခြင်းမပြုရန် သက်ဆိုင်ရာ ခေါင်းဆောင်များထံသို့ အသိပေးခဲ့သော်လည်း လက်နက်၊ ခဲယမ်းဖမ်းဆီးရမိမှုများ ဆက်တိုက်ဖြစ်ပေါ်နေ သည့်အတွက် NUG နှင့် PDF အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ရှာဖွေဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက် NUG အဖွဲ့မှ PDF နှင့် CDM ပြုလုပ်ထားသူ ၂၁ ဦး ဖမ်းဆီးရမိခဲ့။
- တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းတစ်ချို့နှင့် ဒသမ ၅ စက်သေနတ်ကြီး အပါအဝင် လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းများ၊ ပြုလုပ်ဆဲ လက်လုပ်သေနတ်များကို သိမ်းဆည်းရမိခဲ့။
- တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံအပြစ်မဲ့ပြည်သူလူထုများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ပြန်လည်နေထိုင်နိုင်ရေးအတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကရင်၊ မြန်မာဘာသာစကားများ အသုံးပြုကာ အသံချဲ့စက်များဖြင့် ဖိတ်ခေါ်လျက်ရှိ။