ဇွန်လ ၅ ရက် ည ၁၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ PDF အကြမ်းဖက်သမားများက ဝင်ရောက်ကာ စာသင်ခန်းများအတွင်းရှိ ကျောင်းသုံးဗလာ စာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကိုဖျက်ဆီးခဲ့ပြီး ဆရာ၊ ဆရာ မများအား ယုတ်မာရိုင်းစိုင်းစွာ ဆဲဆိုထားသည့် စာသားများဖြင့် ရေးသားနှောင့်ယှက်ခဲ့ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍမြင့်မား တိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ပေးခြင်းဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုအပေါ် အဖျက်အမှောင့်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများသည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကန့်ကွက်စာများရေးသားခြင်းများအပြင် ကျောင်းသုံးပုံနှိပ်စာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖြန့်ဝေမှုကို တားဆီးနှောင့်ယှက်ခြင်းများဖြင့် အစိုးရ၏ဆောင်ရွက်ချက် များကို ဖျက်လိုဖျက်ဆီးစိတ်ဓာတ်ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။
ထိုကဲ့သို့ ကလေးငယ်များ၏ ပညာသင်ကြားနိုင်မှုအခွင့်အလမ်းအပေါ် နှောင့်ယှက်ဖျက်ဆီးခဲ့သော အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
- စစ်ကိုင်းမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ PDF အကြမ်းဖက်သမားများက ဝင်ရောက်ကာ စာသင်ခန်းများအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ အပါအဝင် သင်ထောက်ကူပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ဆရာ၊ ဆရာမများအား ယုတ်မာရိုင်းစိုင်းစွာ ဆဲဆိုထားသည့် စာသားများဖြင့် ရေးသားနှောင့်ယှက်ခဲ့။
Add new comment