တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှ ပြည်ပသို့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ငါးသယ်လှေ ၇၈၃ ခေါက်ဖြင့် ငါး၊ ပုစွန် ရေထွက်ကုန်တန်ချိန် ၂၁,၆၇၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃,၅၇၆ သန်း ရရှိထားပါသည်။
မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရ ရာသီဖြစ်သည့်အတွက် ကမ်းနီးလှေများမှ ရရှိသည့် ငါး၊ ပုစွန်များကိုသာ တင်ပို့နေရကြောင်း၊ ငါးဖမ်းရာသီ ပိတ်ထားသည့်ကာလတွင် လုပ်ငန်းရှင်များ၏ တင်ပြချက်အရ လုပ်ငန်းအမျိုးအစားအလိုက် ၃၀ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက် မှစ၍ ငါးဖမ်းခွင့်ပြုလိုက်သည့်အတွက် ကမ်းဝေးရေယာဉ်များမှ ငါး၊ ပုစွန်များကို ပြန်လည် ရရှိမည်ဖြစ်ပြီး ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
- ကော့သောင်းမြို့မှ ပြည်ပသို့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ငါးသယ်လှေ ၇၈၃ ခေါက်ဖြင့် ငါး၊ ပုစွန်ရေထွက်ကုန် တန်ချိန် ၂၁,၆၇၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃,၅၇၆ သန်းရရှိ။
Add new comment