ယခုနှစ် မေလအတွင်းက ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထားပြီး ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန်နှစ်သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါသည်။
ထိုသို့တင်ပို့ရာတွင် ပြည်တွင်းကုမ္ပဏီပေါင်း ၃၆ ခုမှ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၉၄,၆၉၁ တန်နှင့် ဆန်ကွဲတန်ချိန် ၅၈,၈၁၅.၅ တန်တို့ကိုတင်ပို့နိုင်ပြီး တစ်လလျှင် ပျှမ်းမျှအားဖြင့် တန်ချိန်တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်အထိ တင်ပို့လျက်ရှိပါသည်။
ပြည်တွင်းမှထွက်ရှိသည့် ဆန်နှင့်ဆန်ကွဲတို့ကို ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းတို့မှ တင်ပို့နေခြင်းဖြစ်ရာ လတ်တလောတွင် ရန်ကုန်ဈေးကွက်အတွင်း ပြည်ပသို့တင်ပို့သည့်ဆန်များ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
- ယခုနှစ် မေလအတွင်းက ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲကျော်တင်ပို့ထားပြီး ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန်နှစ်သန်းအထိ တင်ပို့နိုင်ရန် မျှော်မှန်းထား။
- ပြည်တွင်းကုမ္ပဏီပေါင်း ၃၆ ခုမှ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၉၄,၆၉၁ တန်နှင့် ဆန်ကွဲတန်ချိန် ၅၈,၈၁၅.၅ တန်တို့ကိုတင်ပို့နိုင်။
Add new comment