ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေး

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ဇွန်လ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစင်တာတွင် ဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

အဆိုပါ အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ပြည်ထောင်စုနယ်မြေမှ ထုတ်နုတ်ဝန်ထမ်းအင်အား ၄၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ထုတ်နုတ်ဝန်ထမ်းအင်အား ၅၅ ဦး စုစုပေါင်းဝန်ထမ်း ၁၀၀ တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး စင်တာတွင် အခြေပြု၍ ဇွန်လ ၆ ရက်မှစတင်ကာ သင်္ဃန်းကျွန်းမြို့နယ်နှင့် တာမွေမြို့နယ်တို့၏ မဲစာရင်းအခြေခံလူဦးရေစာရင်းအား မြေပြင်စိစစ်တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစင်တာတွင် ဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။

Add new comment