ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၈ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည် သူစုစုပေါင်း ၂,၃၂၉,၄၆၉ ဦးအားလည်းကောင်း၊ ပထမ အကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၈၃,၀၅၄ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၈ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၇,၃၅၆ ဦးအားလည်းကောင်း၊ ပထမ အကြိမ်အဖြစ် ၅,၅၃၈ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၈၀,၁၈၉ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
· ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြိတ်မြို့၊ ထားဝယ် မြို့၊ ကော့သောင်းမြို့၊ ကျိုင်းတုံမြို့၊ ကလေးမြို့၊ စစ်တွေမြို့၊ သံတွဲမြို့များသို့ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိ။
· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ဒီဇင်ဘာလ ၂၈ ရက်အထိ လူဦးရေစုစုပေါင်း ၂၀ ဒသမ ၆ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ် ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၄ ဒသမ ၉ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅ ဒသမ ၇ သန်းရှိကာ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၃၅ ဒသမ ၄ သန်း ထိုးနှံပြီးဖြစ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ-
· ဒီဇင်ဘာလ ၂၈ ရက်တွင် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းရာ၌ ကုမ္ပဏီ ၄ ခုမှ ယာဉ် ၁၅ စီးဖြင့် အောက်ဆီဂျင် Plant ၁ ခု၊ PPE ဝတ်စုံ ၅၀၀ စုံနှင့် နှာခေါင်းစည်း (Mask) ၉၃ တန် တင်သွင်းနိုင်ခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၂၈ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၈၄၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈၇ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၄၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၈-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၀၅,၄၂၄ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၀၀၀ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၆၀ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၈ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၂,၃၂၉,၄၆၉ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၈၃,၀၅၄ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
- ၂၈-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၈၀,၁၈၉ ဦးကာကွယ် ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဒီဇင်ဘာလ ၂၈ ရက်အထိ လူဦးရေ စုစုပေါင်း ၂၀ ဒသမ ၆ သန်းအား ထိုးနှံ ပေးပြီးဖြစ်။
- ၂၈-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၀၅,၄၂၄ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၀၀၀ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၆၀ ဦးဖြစ်ပြီး ၂၈-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၄၆ ရာခိုင်နှုန်းရှိ။