နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်သော ပညာရည်မြင့်မားရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်နေသည့်အပေါ် NUG၊ PDF အကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးအစွန်းရောက်အယူဝါဒများကို လက်ကိုင်ထား၍ ကျောင်းတက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားပေးကြသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ၊ ပညာရေးမှူးရုံးအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကန့်ကွက်စာများရေးသားခြင်းများအပြင် ဖျက်လိုဖျက်ဆီးစိတ်ဓာတ်ဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ယူဆောင်ခြင်းများနှင့် ဖြန့်ဝေမှုကို တားဆီးနှောင့်ယှက်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်အမျိုးမျိုးကို လုပ် ဆောင်လျက်ရှိပါသည်-
ဇွန်လ ၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ PDF အကြမ်းဖက်သမား ၂ ဦး ရောက်ရှိလာပြီး ပညာရေးမှူးရုံးအား ၎င်းတို့ အသင့်ယူဆောင်လာသည့် ဓာတ်ဆီများဖြင့်လောင်းကာ မီးရှို့ဖျက်ဆီး၍ ထွက်ပြေးသွားခဲ့ရာ အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် ပညာရေးမှူးရုံးအတွင်းရှိ ရုံးခန်း ၂ ခန်းနှင့် ရုံးခန်းများအတွင်းရှိ သင်ထောက်ကူပြုပစ္စည်းများ၊ စာရွက်စာတမ်းများနှင့် ပရိဘောဂများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးအား PDF အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ ပညာရေးမှူးရုံးအတွင်းရှိ ရုံးခန်း ၂ ခန်းနှင့် ရုံးခန်းများအတွင်းရှိ သင်ထောက်ကူပြုပစ္စည်းများ၊ စာရွက်စာတမ်းများနှင့် ပရိဘောဂများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့။
Add new comment