ကလေးမြို့ရှိ အထက်တန်းကျောင်းဝန်းအား PDF အကြမ်းဖက်သမားများက မီးပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ဖျက်ဆီး

 

ဇွန်လ ၂ ရက် ည ၁၀ နာရီခန့်တွင် ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက ဒီဇယ်ဆီများထည့်ထားသည့် မီးပုလင်းဖြင့်ပစ်ပေါက်မီးရှို့၍ ထွက်ပြေးသွားခဲ့ပြီး အဆိုပါမီးပုလင်း ပစ်ပေါက်မှုကြောင့် ဆရာ၊ ဆရာမများနေထိုင်သည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အဆောက်အဦအား ထိမှန်မီးစွဲလောင်ခဲ့ရာမှ အဆိုပါအဆောက်အဦထရံများ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

          အကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရာတွင် ပညာရေးကဏ္ဍအား အဓိကထားတိုက်ခိုက်လျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ ယခုကဲ့သို့ စာသင်ကျောင်းများအား အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်ကျူးလွန်နေသည့်အပေါ် မိဘများအနေဖြင့် ၎င်းတို့ ရင်သွေးငယ်များ၏ ပညာသင်ကြားနေမှုကို နှောင့်ယှက်ဖျက်ဆီးခံရခြင်းကြောင့် အကြမ်းဖက်သမားများအား  ရွံရှာမုန်းတီးလျက်ရှိပါသည်။

          အဆိုပါအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိပါသည်။                                                                         

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက မီးပုလင်းဖြင့် ပစ်ပေါက်မီးရှို့ခဲ့သဖြင့် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း မီးလောင်ကျွမ်းပျက်စီးခဲ့

Add new comment