နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်အမှာစကားပြောကြား

 

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂)ကို ဇွန်လ ၃ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင်-

  • မူပိုင်ခွင့်ဆိုင်ရာဥပဒေများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် ရက်စွဲဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဌာန်းပြီးဖြစ်ကြောင်း။

  • နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်အကာအကွယ်ပေးခြင်းစနစ်တစ်ရပ်ကို ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

  • မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့၏အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူပိုင်ခွင့်နှင့်ဆက်စပ်သော ကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီ ချက်ကိုလည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

  • နိုင်ငံတော်တွင် ကျင့်သုံးဖော်ဆောင်မည့် မူပိုင်ခွင့်စနစ်သည် နိုင်ငံတကာက သတ်မှတ်ထားသည့်စံများနှင့် ကိုက်ညီရန်လိုအပ်သကဲ့သို့ နိုင်ငံ၏လက်ရှိဖြစ်တည်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် အခြေအနေများနှင့်လည်း လိုက်လျောညီထွေရှိရန် လိုအပ်မည်ဖြစ်ကြောင်း။

  • မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ်ခိုင်မာလာစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ 

  • နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်အကာအကွယ်ပေးခြင်းစနစ်တစ်ရပ်ကို ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်မည်ဖြစ်။

  • နိုင်ငံတော်တွင် ကျင့်သုံးဖော်ဆောင်မည့် မူပိုင်ခွင့်စနစ်သည် နိုင်ငံတကာက သတ်မှတ်ထားသည့်စံများနှင့် ကိုက်ညီရန်လိုအပ်သကဲ့သို့ နိုင်ငံ၏လက်ရှိဖြစ်တည်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် အခြေအနေများနှင့်လည်း လိုက်လျောညီထွေရှိရန်လိုအပ်မည်ဖြစ်။

  • မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူဖြစ်စေခြင်း၊ လုပ်ငန်းရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ခိုင်မာလာစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်။

Add new comment