တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

 

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိရာ-

  • နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅,၂၄၀,၃၂၃ ဦး ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိ။
  • ကျောင်းတက်ရောက်ကြသည့် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးစေခြင်းတို့ကို ဆရာ၊ ဆရာမများနှင့်တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိ။
  • ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများနေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများ စီစဉ်ထားခြင်းနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့။

ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထု၊ လုံခြုံရေးအဖွဲ့များပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၅,၂၄၀,၃၂၃ ဦး ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိ။
  • ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ လက်ဆေးစေခြင်းတို့ကို ဆရာ၊ ဆရာမများနှင့်တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ။

 

Add new comment