ပြည်ထောင်စုဝန်ကြီးဦးခင်ရီ e-ID စနစ်လုပ်ငန်းကော်မတီ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 

e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ်လုပ်ငန်းကော်မတီ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂ ရက်တွင် နေပြည်တော်ရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ e-ID စနစ်လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကိုယ်တိုင်မတက်ရောက်နိုင်သည့်ကော်မတီဝင်အချို့မှာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ ကြပါသည်။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီက-

  • e-ID စနစ်လုပ်ငန်းသည် e-Government စနစ်အတွက် အခြေခံအကျဆုံး လုပ်ငန်းရပ်တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လက်ရှိနိုင်ငံတော်အစိုးရတာဝန်ယူချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
  • လက်ရှိနိုင်ငံတော်အစိုးရကာလအတွင်း ပြည်တွင်း/ပြည်ပ နှောင့်ယှက်၊ ဟန့်တား၊ ပိတ်ဆို့မှုများကြားမှ ကြိုးပမ်းဆောင်ရွက်နေရသည့်အတွက် ကန့်သတ်ချက်များစွာရှိကြောင်း။
  • e-ID စနစ်အကောင်အထည်ဖော်ရာတွင် Unique ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • e-ID စနစ်လုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး အချိန်ကာလ၊ နိုင်ငံတကာအဟန့်အတား၊ နည်းပညာကျွမ်းကျင်မှုစသည့် ကန့်သတ်ချက်အပေါ် ခြုံငုံသုံးသပ်၍ အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးက e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရေးဆွဲထားသည့် System Archileeture Design နှင့် ပြည်ပနည်းပညာအကြံပေးငှားရမ်းနိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သောလုပ်ငန်းလမ်းညွှန် (TOR) များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက e-ID စနစ်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက်လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • e-ID စနစ်လုပ်ငန်းသည် e-Government စနစ်အတွက် အခြေခံအကျဆုံးလုပ်ငန်းရပ်တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လက်ရှိနိုင်ငံတော်အစိုးရတာဝန်ယူချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်။
  • e-ID စနစ်အကောင်အထည်ဖော်ရာတွင် Unique ID ကောက်ယူခြင်းနှင့် National ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်။

Add new comment