KNDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းမှ မဟုတ်မမှန်သတင်းများ လုပ်ကြံဝါဒဖြန့်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တာဝန်ခံတစ်ဦးအား ဖမ်းဆီးရမိ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်    ပြည်သူများ၏ သတင်းပေးပို့ချက်အရ မေလ ၂၈ ရက်တွင် ဒီးမော့ဆိုမှ လွိုင်ကော်မြို့ဘက်သို့ မောင်းနှင်းလာသည့် Hijet အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေသူ တစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်နေ ဖေမောင်စိမ်း (ဘ) ဦးဖေသိန်းအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ ဖေမောင်စိမ်းအား စစ်ဆေးဖော်ထုတ်ချက်များအရ-

  • ၎င်းသည် ယခင်က ရန်ကုန်မြို့တွင် နေထိုင်စဉ် ရန်ကင်းမြို့နယ်ရှိ Film School သင်တန်းကျောင်းသို့ တက်ရောက်အောင်မြင်ခဲ့ပြီး Video Clip ဖန်တီးခြင်း၊ မှတ်တမ်းတိုရုပ်ရှင်ရိုက်ကူးရေးနှင့် ဓာတ်ပုံတည်းဖြတ်နည်းပညာရပ်များ တတ်မြောက်ခဲ့ကြောင်း။
  • KNDF အမည်ခံအကြမ်းဖက်အဖွဲ့အနေဖြင့်  ပြည်ပမှ အလှူငွေများရရှိရန် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများ အောင်မြင်နေသည့် ပုံသဏ္ဍာန်ဖော်ဆောင် ဝါဒဖြန့်ဆောင်ရွက်နိုင်ရေးအတွက် KNDF အဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိ တေဇာဝင်းထွဋ်က ၎င်းအား ဆက်သွယ်ကာ တစ်လလျှင် ငွေကျပ် ၅ သိန်းဖြင့် ခေါ်ယူငှားရမ်းခဲ့သဖြင့် ဧပြီလတွင် ဒီးမော့ဆို မြို့နယ်၊ ခူးပရာကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မတ်လနှင့် ဧပြီလတို့တွင် ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter - terrorism Action) လုပ်ဆောင်ခဲ့သဖြင့် ကယားပြည်နယ်အတွင်းရှိ KNDF အကြမ်းဖက်အဖွဲ့များသည် အထိနာ၍ ၎င်းတို့အခြေပြုရာနေရာများမှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရကာ လက်နက်၊ ခဲယမ်းအမြောက်အများ ဆုံးရှုံး၍ ထိခိုက်ကျဆုံးမှု အများအပြားဖြစ်ပေါ်ခဲ့ကြောင်း။
  • KNDF အနေဖြင့် အကြမ်းဖက်မှုလုပ်ဆောင်ရန် အစီအမံများ ပျက်ပြားခဲ့ရသည့်အတွက် ပြန်လည်ဖုံးကွယ်နိုင်ရန် ဖေမောင်စိမ်းအား ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများ အောင်မြင်နေသည့် ပုံသဏ္ဍာန်အတုများ၊ ၎င်းတို့၏ လူ/လက်နက်၊ ခဲယမ်းများ အင်အားတောင့်တင်းသည့် ပုံသဏ္ဍာန်အတုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်သည့် ပုံသဏ္ဍာန်အတုများကို ပြင်ဆင်၍ ရိုက်ကူးရေးများပြုလုပ်စေပြီး ဓာတ်ပုံနှင့် ဗီဒီယိုများကို NUG အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသော United Kingdon (UK)တွင် နေထိုင်သည့် George (ခ) ဗညားထံသို့ပေးပို့၍ ၎င်းမှတဆင့်ဝါဒဖြန့်ခြင်း၊ ခေတ်သစ်နှင့် ဧရာဝတီ သတင်းဌာနများသို့ပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
  • ဖေမောင်စိမ်းအနေဖြင့် ထိုသို့ဆောင်ရွက်ခဲ့သော်လည်း KNDF အကြမ်းဖက်အဖွဲ့က မူလသဘောတူညီထားသည့် အခကြေးငွေအား မပေးဆောင်သည့်အပြင် စားသောက်နေထိုင်ရေးခက်ခဲလာခြင်း၊ ပြေးလွှားပုန်းအောင်းနေရခြင်း၊ ၎င်း၏ အသက်အတွက် လုံခြုံရေးအာမခံချက်ပါ မရရှိတော့ကြောင်း ရိပ်စားမိလာသည့်အတွက် ထွက်ပြေးရန် ကြိုးစားခဲ့ရာမှလမ်းတွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြုလုပ်သည့် ဆူပူအကြမ်းဖက်ဆန္ဒပြပွဲများတွင် လည်းပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

   အထက်ပါဖမ်းဆီးရမိတရားခံ ဖေမောင်စိမ်းအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်   ဒီးမော့ဆိုမှ လွိုင်ကော်မြို့ဘက်သို့ မောင်းနှင်းလာသည့် Hijet အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ်ပေါ်မှ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေသူတစ်ဦးအား ဖမ်းဆီးရမိခဲ့။
  • KNDF အဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိ တေဇာဝင်းထွဋ်က တရားခံဖေမောင်စိမ်းအား ဆက်သွယ်ကာ တစ်လလျှင် ငွေကျပ် သိန်းဖြင့် ခေါ်ယူငှားရမ်းခဲ့သဖြင့် ဧပြီလတွင် ဒီးမော့ဆိုမြို့နယ်၊ ခူးပရာကျေးရွာသို့ ရောက်ရှိခဲ့။
  • KNDF အနေဖြင့် အကြမ်းဖက်မှုလုပ်ဆောင်ရန် အစီအမံများ ပျက်ပြားခဲ့ရသည့်အတွက် ပြန်လည်ဖုံးကွယ်နိုင်ရန် ဖေမောင်စိမ်းအား ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများ အောင်မြင်နေသည့် ပုံသဏ္ဍာန်အတုများ ပြင်ဆင်၍ ရိုက်ကူးရေးများပြုလုပ်စေပြီး ဓာတ်ပုံနှင့် ဗီဒီယိုများကို NUG အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသော United Kingdon (UK)တွင် နေထိုင်သည့် George () ဗညားထံသို့ပေးပို့၍ ၎င်းမှတဆင့် ဝါဒဖြန့်ခြင်း၊ ခေတ်သစ်နှင့် ဧရာဝတီသတင်းဌာနများသို့ပေးပို့ခြင်းများ ဆောင်ရွက်ခဲ့။
  • ဖေမောင်စိမ်းအနေဖြင့် ထိုသို့ဆောင်ရွက်ခဲ့သော်လည်း KNDF အကြမ်းဖက်အဖွဲ့က မူလသဘောတူညီထားသည့် အခကြေးငွေအား မပေးဆောင်သည့်အပြင် စားသောက်နေထိုင်ရေးခက်ခဲလာခြင်း၊ ပြေးလွှားပုန်းအောင်းနေရခြင်း၊ ၎င်း၏ အသက်အတွက် လုံခြုံရေးအာမခံချက်ပါ မရရှိတော့ကြောင်း ရိပ်စားမိလာသည့်အတွက် ထွက်ပြေးရန် ကြိုးစားခဲ့ရာမှလမ်းတွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်။

Add new comment