ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ဖော်ထုတ်ချက်

 

မေလ ၃၁ ရက်တွင် ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ (၃၅)လမ်း ကားမှတ်တိုင်တွင် အကြမ်းဖက်သူများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသား ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ-

  • ပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူ အမည်မသိအမျိုးသားမှာ ဘေးလွယ်အိတ်အနက်ရောင် ၁ လုံးအား ရင်ဘက်တွင်ကပ်၍လွယ်ကာ ပန်းဆိုးတန်းလမ်းဘက်မှ အနော်ရထာလမ်းအတိုင်း ဘားလမ်းကားမှတ်တိုင်အရောက်တွင် ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ တစ်စုံတစ်ခုအားနှိုက်ယူစဉ် အဆိုပါလွယ်အိတ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့။
  • အဆိုပါဖြစ်စဉ်တွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ရန်အတွက် လူနာတင်ယာဉ်များဖြင့် သယ်ဆောင်စဉ် အဆိုပါ အမျိုးသားမှာ ၎င်း၏ဝမ်းဗိုက်တွင် ရရှိထားသော ဒဏ်ရာများအနက် လွယ်အိတ်နေရာတွင် ရရှိထားသည့် ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့။
  • အဆိုပါသေဆုံးသူ အမျိုးသားမှာ ဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက်နေ အောင်ကြီး (ခ) ထိန်လင်းထွန်း (၂၆) နှစ်ဖြစ်ပြီး ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ နေအိမ်၌ လက်နက်ခဲယမ်းများအား ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်း ၂ လုံးအားသိမ်းဆည်းခဲ့။
  • ဖုန်းတစ်လုံးတွင် ၎င်း၏သူငယ်ချင်းဖြစ်သူ PDF အကြမ်းဖက်အဖွဲ့မှ သန့်ဇင်ဆိုသူနှင့် KNU လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန်၊ မြို့ပေါ်တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရေး အဖျက်အမှောက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ လုပ်ဆောင်မည့် အခြေအနေများအား မေးမြန်းပြောဆိုထား သည်များကို Screenshot ရိုက်၍ သိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့ရပါသည်။

 အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်ခိုင်းစေသူ၊ ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • ဘားလမ်းကားမှတ်တိုင် ပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူ အမျိုးသားမှာ ဒေါပုံမြို့နယ်၊ ကျည်စုရပ်ကွက်နေ အောင်ကြီး (ခ) ထိန်လင်းထွန်းဖြစ်ပြီး ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်း ၂ လုံးအား သိမ်းဆည်းခဲ့။
  • ၎င်းဖုန်းတစ်လုံးတွင် သူငယ်ချင်းဖြစ်သူ PDF အကြမ်းဖက်အဖွဲ့မှ သန့်ဇင်ဆိုသူနှင့် KNU လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန်၊ မြို့ပေါ်တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရေး အဖျက်အမှောက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များလုပ်ဆောင်မည့် အခြေအနေများအား မေးမြန်းပြောဆိုထား သည်များကို Screenshot ရိုက်၍ သိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့။

 

Add new comment