မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကျင်းပ

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူး အဆင့်အစည်းအဝေးကို ဇွန်လ ၁ ရက်တွင် မောင်တောမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ-

  • မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များအနီး အဆောက်အဦ ဆောက်လုပ်မှုများ ဖျက်သိမ်းရေး။
  • နယ်စပ်ဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှု၊ ပစ်ခတ်မှုဖြစ်စဉ်များစသည့် သတင်းများနှင့်စပ်လျဉ်း၍ အပြန်အလှန် သတင်းဖလှယ်ပေးရန်။
  • မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်များအတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ်ဖြတ်ကျော် သွားလာလှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျူးလွန်မှုများနှင့် ပတ်သက်၍ မြေပြင်သတင်း စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ခြံစည်းရိုးအား တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာတားဆီးပေးနိုင်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးတွဲကင်းလှည့်ရေး။
  • မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့်ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (မောင်တော-တက္ကနာ့ဖ်) လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ်ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ် (ကော့စ်ဘဇ္ဇား) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

  • မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူး အဆင့်အစည်းအဝေးတွင် နယ်စပ်ဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှုများအား သတင်းဖလှယ်ပေးရန်၊ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုများအား ထိရောက်စွာတားဆီးနှိမ်နင်းရေး၊  မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

 

Add new comment