တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ကိုကိုးကျွန်းမြို့နယ်နှင့်တနင်္သာရီကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား မေလ ၄ ရက်မှ ၃၁ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဇွန်လ ၁ ရက်တွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိစဉ် တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ အထူးကုဆေးအဖွဲ့များသည် ကိုကိုးကျွန်းမြို့နယ်အနီးတစ်ဝိုက်ဒေသများနှင့် တနင်္သာရီကမ်းရိုးတန်းဒေသများဖြစ်သော ကျွန်းစု၊ စခန်းသစ်၊ ဝဲကျွန်း၊ ပြင်စဘုကျွန်း၊ ပုလဲကျွန်း၊ ဝါးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်း အပေါ်ဆိပ်ကျေးရွာတို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုများအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၂,၅၄၄ ဦး၊ ခွဲစိတ်ရောဂါ ၈၆၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၈၂၄ ဦး၊ ကလေးရောဂါ ၈၂၂ ဦး၊ အရိုးရောဂါ ၇၆၃ ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ ၆၈၅ ဦး၊ မျက်စိရောဂါ ၈၀၃ ဦးနှင့် သွားရောဂါ ၇၃၉ ဦး စုစုပေါင်းဒေသခံပြည်သူ ၈,၀၄၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၁၂၂ ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂၅၀ တို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၈၂ ဦး၊ Ultrasound ရိုက်လူနာ ၅၆၃ ဦး၊ ဓာတ်ခွဲ စမ်းသပ်လူနာ ၁,၅၉၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၅၄ ဦးနှင့် ကွန်ပျူတာ ဓာတ်မှန်ရိုက်လူနာ ၃၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၄ ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ဝင်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဗိုလ်ချုပ်ထိန်ဝင်းက ပေးအပ်ခဲ့ပါသည်။ တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့များပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် (၁၃) ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း ၁၁၂,၅၀၀ ဦးတို့ကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၁၆ ဦးတို့ကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
- တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ဒေသခံပြည်သူများအား မေလ ၄ ရက်မှ ၃၁ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဇွန်လ ၁ ရက်တွင် အမှတ် (၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိ။
- ခရီးစဉ်တစ်လျှောက်တွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုများ အနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၂,၅၄၄ ဦး၊ ခွဲစိတ်ရောဂါ ၈၆၅ ဦး၊ သားဖွား မီးယပ်ရောဂါ ၈၂၄ ဦး၊ ကလေးရောဂါ ၈၂၂ ဦး၊ အရိုးရောဂါ ၇၆၃ ဦး၊ နား/နှာခေါင်း /လည်ချောင်းရောဂါ ၆၈၅ ဦး၊ မျက်စိရောဂါ ၈၀၃ ဦးနှင့် သွားရောဂါ ၇၃၉ ဦး စုစုပေါင်း ဒေသခံပြည်သူ ၈,၀၄၅ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၄ ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့။
Add new comment