နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်း၊ ကိုကိုးကျွန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့သို့ သွားရောက်၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့၊ မြို့နယ်ပြည် သူ့ဆေးရုံသို့‌ရောက်ရှိကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဒေသခံများ၏ ကျန်းမာရေး တိုးတက်လာမှုအခြေအနေများနှင့် ဆေးရုံတွင်လိုအပ်လျက်ရှိသည်များကို ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

· ကိုကိုးကျွန်းဒေသသည် ယခင်က သွားလာရေးနှင့် စားသောက်ရေးတို့တွင် များစွာအခက်အခဲများရှိခဲ့ကြောင်း။

· မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင် ချိန်မှစ၍ ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အမြဲမပြတ်ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း။

· ယခုအခါ ယခင်ကထက် များစွာတိုးတက်ပြောင်းလဲလာပြီဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ရေး၊ ကျန်းမာရေးတို့အတွက် ဆက်လက်ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း။

· ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ယခင်ကထက် လမ်းပန်း ဆက်သွယ်ရေးနှင့် နေရေး၊ စားရေးတို့တွင် အဆင်ပြေမှုရှိလာပြီဖြစ်သဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများတွင် များစွာတိုးတက်ကောင်းမွန်လာပြီး ကျန်းမာရေးဆိုင်ရာများတွင်လည်း တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း။

· ကျန်းမာရေးဝန်ထမ်းများကို တာဝန်ပေးအပ်ရာတွင် အလှည့် ကျစနစ်ဖြင့်မဟုတ်ဘဲ နှစ်ကာလအပိုင်းအခြားဖြင့် တာဝန် ထမ်းဆောင်စေရမည်ဖြစ်ကြောင်း။

· ထိုသို့ဆောင်ရွက်မှသာလျင် တာဝန်ထမ်းဆောင်သည့် ဝန် ထမ်းများအနေဖြင့် ဒေသခံလူထု၏ ကျန်းမာရေးအခြေအနေများနှင့် လိုအပ်ချက်များကို အတွင်းကျကျ သိရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းတာဝန်များကိုလည်း ဖိဖိစီးစီးဖြင့်  အပြည့်အဝ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

· ဒေသ၏ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ညီညီညွတ်ညွတ်ဖြင့် အတူတကွ ဝိုင်းဝန်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာ  ပစ္စည်းများ ပေးအပ်ခဲ့ပါ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာ  အထက်တန်းကျောင်း(ကိုကိုးကျွန်း)သို့ ရောက်ရှိကြရာ ကျောင်း အုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြပြီး ကျောင်းခန်းမ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာညွန့်ဖေက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးနေမှုအခြေအနေများ၊ ဆရာ၊ ဆရာမများ လိုအပ်ချက်ရှိမှုနှင့် ခန့်အပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

· ကိုကိုးကျွန်းဒေသတွင် လူသားအရင်းအမြစ်များလုံလောက် စွာရှိစေရေး  ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် တန်း စာမေးပွဲအောင်မြင်မှုများကို ယခုထက် ပိုမိုတိုးတက် အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

· ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင်  အဓိကလိုအပ်သည့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ကိုလည်း တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဝေးလံခေါင်ပါးသည့် ဒေသတွင်တာဝန်ထမ်း ဆောင်ရသည့်သူများဖြစ်သဖြင့် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းပေးရန်လိုကြောင်း။

· ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်၏အမျိုးသားပညာရေးစီမံကိန်း (နှစ် - ၃၀) အား ယခင်ကအတိုင်း ဆက်လက်သင်ကြား ဆောင်ရွက်ပေးလျက်ရှိကြောင်း။

· နိုင်ငံတည်ဆောက်မှု State Building၊ Nation Building များဆောင်ရွက်ရာတွင် အခြေခံအားဖြင့် နိုင်ငံအတွင်းပညာ တတ်များ အများအပြားပေါ်ထွက်လာရန် မဖြစ်မနေလိုအပ်ကြောင်း။

· ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားရာတွင် အတန်းပညာများအား အမှန်တကယ်တတ်မြောက်ရန် လိုအပ်သကဲ့သို့ အသိပညာများရှိစေရန်အတွက်လည်း စာအုပ်စာပေများဖတ်ရှုလေ့လာစေရေး တိုက်တွန်းဆောင် ရွက်ရန်လိုကြောင်း။

· မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် ကျောင်းနေအရွယ်တွင် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး အနိမ့်ဆုံးအဆင့် KG + 9 (အခြေခံပညာအလယ် တန်း)အဆင့်ပြီးမြောက်သည်အထိ သင်ကြားနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်း မြို့ ကျွန်းပတ်လမ်းနှင့် နယ်မြေခံတပ်ဌာနချုပ်များအားလည်းကောင်း၊ ဂျယ်ရီကျွန်းနှင့် ကျွန်းမကြီးအား ကျွန်းဆက်လမ်းဖောက်လုပ်မည့် အခြေအနေများအားလည်းကောင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုကျွန်းမြို့၊ အုန်းနှင့်အုန်း ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်အတွင်း ဥစားကြက်များ မွေးမြူထားရှိမှုနှင့် Green House များအတွင်း သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေတို့အား လိုက် လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

  • နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံ၊ အခြေခံပညာအထက်တန်းကျောင်(ကိုကိုးကျွန်း)၊ အုန်းနှင့် အုန်းထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်အတွင်း ဥစားကြက် များ မွေးမြူထားရှိမှုနှင့် Green House များအတွင်း သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့။
  • ကိုကိုးကျွန်းဒေသသည် ယခင်ကထက် များစွာတိုးတက်ပြောင်းလဲလာပြီဖြစ်သော်လည်း လိုအပ်ချက်များ ရှိနေဦး မည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ရေး၊ ကျန်းမာရေးတို့အတွက် ဆက်လက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ယခင်ကထက် လမ်းပန်းဆက်သွယ်ရေးနှင့် နေရေး၊ စားရေးတို့တွင် အဆင်ပြေ မှုရှိလာပြီဖြစ်သဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများတွင် များစွာတိုးတက်ကောင်းမွန်လာပြီး ကျန်းမာရေးဆိုင်ရာ များတွင်လည်း တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း။
  • ကိုကိုးကျွန်းဒေသတွင် လူသားအရင်းအမြစ်များလုံလောက်စွာရှိစေရေး  ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်မြင်မှုများကို ယခုထက် ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
  • နိုင်ငံတည်ဆောက်မှု State BuildingNation Building များဆောင်ရွက်ရာတွင် အခြေခံအားဖြင့် နိုင်ငံအတွင်း ပညာတတ်များ အများအပြားပေါ်ထွက်လာရန် မဖြစ်မနေလိုအပ်ကြောင်း။