တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁ ရက်တွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်က-

  • တိုင်းရင်းသားပြည်သူအားလုံး အသိအမြင်မှန်ကန်ရန် လိုအပ်ပါကြောင်း၊ အသိအမြင်မှန်ကန်မှ ဆုံးဖြတ်ချက်များ မှန်ကန်မည်ဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက်မှန်ကန်မှ မှန်ကန်စွာလုပ်ဆောင်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း။
  • နောင်အခါအခွင့်သင့်ပါက အခြားသော တိုင်းရင်းသားနိုင်ငံတော်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များကို ဖိတ်ကြားသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြစေလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က-

  • တိုင်းပြည်တစ်ခုတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲပါက ငြိမ်းချမ်းရေးတည်ဆောက်၍ မရနိုင်ပါကြောင်း။
  • ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရများက ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။
  • ယခုကာလတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကို ကမ်းလှမ်းထားပါကြောင်း။
  • အမျိုးသားရေးပြဿနာ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးစားပွဲပေါ်၌သာ နှစ်ဦးနှစ်ဖက်ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က-

  • တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ငြိမ်းချမ်းရေး ကဏ္ဍတို့နှင့်ပတ်သက်သော သဘောထားအမြင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ရှိ လီဆူနှင့်ကရင်ဖြူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

  • တိုင်းရင်းသားပြည်သူအားလုံး အသိအမြင်မှန်ကန်ရန် လိုအပ်ပါကြောင်း၊ အသိအမြင်မှန်ကန်မှ ဆုံးဖြတ်ချက်များ မှန်ကန်မည်ဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက်မှန်ကန်မှ မှန်ကန်စွာလုပ်ဆောင်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့။
  • အမျိုးသားရေးပြဿနာ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးစားပွဲပေါ်၌သာ နှစ်ဦးနှစ်ဖက်ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပြောကြားခဲ့။
  • တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ငြိမ်းချမ်းရေးကဏ္ဍတို့နှင့်ပတ်သက်သော သဘောထားအမြင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ရှင်းလင်းပြောကြားခဲ့။

Add new comment