နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ ဆက်လက်တွေ့ဆုံဆွေးနွေး

 

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးလော့ယာကု၊ ဆွေးနွေးရေးဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ပြင်ပဆက်ဆံရေးဌာန ဒုတိယဌာနကြီးမှူး ဦးပေါက်အိုက်ကောနှင့် လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့  တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့။
  • ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့သည့်အပြင် ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ သဘော တူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့။

Add new comment