မေလ ၃၁ ရက်တွင် ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ (၃၅)လမ်း ကားမှတ်တိုင်တွင် အကြမ်းဖက်သူများထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကားမှတ်တိုင်အနီးတွင်ရှိနေသည့် ရဲထက်နိုင်(၃၂)နှစ်၊ နန္ဒမျိုးအောင်(၂၅)နှစ်၊ ဦးစောမင်းရွှေ(၅၉)နှစ်၊ ခန့်ဝေပိုင်(၁၉)နှစ်၊ မိုးဇော်ဦး (၄၅)နှစ်၊ မြင့်သန်းစိုး(၂၃)နှစ်၊ ကိုစိုင်းအောင်(၃၀)နှစ်၊ အောင်ကြီး(၃၀)နှစ်၊ အောင်နိုင်(၄၇)နှစ်တို့ (၉)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကာ အမည်မသိ (၃၀)နှစ်ခန့် အမျိုးသား (၁)ဦး (စိစစ်ဆဲ) တွင် ရင်ဘက်ပေါက်ပြဲဒဏ်ရာ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာများ ရရှိသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုခံယူနိုင်ရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ယုတ်ညံ့သော စိတ်ဓာတ်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ခြင်း၊ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အများပြည်သူ သွားလာနေသော လမ်းများ၊ ကားဂိတ်များနှင့် မှတ်တိုင်များတွင်ပါ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ၍ နိုင်ငံအတွင်းဆူပူမှုများ လုပ်ဆောင်လျက်ရှိသည့်အတွက် ပြည်သူလူထုမှ ၎င်းတို့၏လုပ်ရပ်များကို မုန်တီး၍ ဆန့်ကျင်ရှုတ်ချလျက်ရှိပါသည်။
အများပြည်သူသွားလာနေသော ကားမှတ်တိုင်တွင် ဗုံးထောင်ဖောက်ခွဲခဲ့သည့် လုပ်ရပ်အား PEOPLE’S DEFENCE FORCE YANGON မှ ၎င်းတို့၏လုပ်ရပ်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသဖြင့် အဆိုပါအကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ (၃၅)လမ်းကား မှတ်တိုင်၌ PDF အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာရရှိခဲ့။
- အများပြည်သူသွားလာနေသော ကားမှတ်တိုင်တွင် ဗုံးထောင်ဖောက်ခွဲခဲ့သည့် လုပ်ရပ်အား PEOPLE’S DEFENCE FORCE YANGON မှ ၎င်းတို့၏လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသဖြင့် အဆိုပါအကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိ။
Add new comment