မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ် သက်ပြီး ပြည်ပအထောက်အပံ့နဲ့ရပ်တည်နေတဲ့ ပြည်တွင်းမီဒီယာတွေ၊ အဆိုးမြင် ပြည်ပမီဒီယာတွေက သတင်းတုသတင်းမှားတွေ ထုတ်ပြန်လျက်ရှိပါတယ်။ သံတမန် ကျင့်ဝတ်နဲ့မညီတဲ့ အချို့အနောက်နိုင်ငံသံတမန်အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့အစည်းအချို့ကလည်း အဲ့ဒီသတင်းတုသတင်းမှားတွေကိုအခြေခံပြီး တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေတာကို မြင်တွေ့နေရပါတယ်။
သူတို့ရဲ့ထုတ်ပြန်ချက်အများစုဟာ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေကို အခြေခံခြင်းမရှိဘဲ မီဒီယာကျင့်ဝတ်၊ သံတမန် ကျင့်ဝတ်တွေကိုဖောက်ဖျက်ပြီး နိုင်ငံရေးရည်မှန်းချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေ အနေတွေကို ပိုမိုရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာကို အထင်အရှား မြင်တွေ့နေရပါတယ်။
သတင်းအမှားများနှင့် မူးယစ်ဆေးဝါးပြဿနာ
အထူးသဖြင့် လက်ရှိအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံ့တာဝန်ကို ခေတ္တထိန်းသိမ်းထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို ဘက်ပေါင်းစုံက နိုင်ငံရေးအရ ဖိအားပေးဖို့ဆောင်ရွက်နေကြပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ မူးယစ်ဆေးဝါးကိစ္စကို လိုရာဆွဲယူပြီး တစ်ဖက်သတ်စွပ်စွဲပြစ်တင် ဝေဖန်မှု ပြုလုပ်ထားတဲ့ ထုတ်ပြန်ချက်တစ်ခုကို U.S Embassy Rangoon ရဲ့ Facebook Page မှာ ရေးသားဖော်ပြထားတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီ Page က ရေးသားဖော်ပြချက်အရဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေ ကြောင့်ပဲ ဒေသတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်မှုပိုမိုဆိုးရွားလာသယောင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime -UNODC)ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြ ခဲ့ပါတယ်။
အမှန်တော့ UNODC ရဲ့အစီရင်ခံစာမှာ COVID ဖြစ်ပွားနေပေမယ့် ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုကျဆင်းမသွားကြောင်းနဲ့၊ ရာဇဝတ်ဂိုဏ်းတွေက မူးယစ် ဆေးဝါးကုန်သွယ်မှုကို တိုးချဲ့နေကြကြောင်း ရေးသားထားတာဖြစ်ပါတယ်။ UNODC ရဲ့ အစီရင်ခံစာမှာ ၂၀၂၀ ပြည့်နှစ်က အချက်အလက်အများစုပေါ်မှာသာ အခြေခံပြီး သုံးသပ်ရေးသား ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ဖော်ပြ ချက်မျိုး လုံးဝမပါရှိပါဘူး။ မြန်မာနိုင်ငံအစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေ၊ ဖမ်းဆီးရမိမှုတွေကိုလည်း အထောက်အထားတွေနဲ့တကွ ရေးသား ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
ဒါ့အပြင် အမေရိကန်သံရုံးကဖော်ပြချက်မှာ သုံးစွဲကိုးကားထားတဲ့ ဓာတ်ပုံက UNODC နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ United Nations Office for the Coordination of Humanitarian Affairs (OCHA)-Myanmar ရဲ့ Twitter မှာ ဖော်ပြထားချက်တစ်ခု သာဖြစ်ပါတယ်။ ဒီလိုမဟုတ်မမှန်ရေးသားထားလို့ အမေရိကန်သံရုံး facebook Post အောက်က comment တွေမှာ မြန်မာပြည်သူတွေက ကန့်ကွက်ရေးသားခဲ့ကြလို့ သုံးစွဲထားတဲ့ဓာတ်ပုံကို ပြန်လည်ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အမေရိကန် သံရုံး facebook Post ကနေ ဖော်ပြချက်ဟာ အချက်အလက်တွေ တိကျမှန်ကန်မှုမရှိတဲ့ အပြင် လွဲမှားတဲ့အချက်တွေပါဝင်နေပြီး လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကို မသိချင် မမြင်ချင်ယောင်ဆောင် နေခြင်းသာမက မျက်မှန်စိမ်းတပ် နားထဲဂွမ်းဆို့ပြီး လိုရာဆွဲဖော်ပြချက်ပဲဖြစ်ပါတယ်။
အလားတူ အချို့နာမည်ကြီးမီဒီယာတွေကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ဆောင်ချက်တွေကို မျက်ကွယ်ပြုပြီး လိုရာဆွဲပြီးပုံကြီးချဲ့ထားတဲ့သတင်းအမှားတွေ ဖော်ပြနေကြတာကို တွေ့ရှိရပါတယ်။ သူတို့ရဲ့ ဖော်ပြချက်အရ အများစုဟာ သတင်းမီဒီယာကျင့်ဝတ် တွေကို ဖောက်ဖျက်ပြီး နိုင်ငံရေးရည်မှန်းချက်နဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေ တွေကို ပိုမိုရှုပ်ထွေးအောင်၊ ကမ္ဘာ့အသိုင်းအဝိုင်းက အဆိုးမြင်လာစေအောင် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။ တည့်တည့်ပြောရရင်တော့ မြန်မာ နိုင်ငံကို သတင်းမီဒီယာစစ်ပွဲ(Information and media Warfare) ဆင်နွှဲနေကြတာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်ချက်များ
ခေတ်အဆက်ဆက် မြန်မာနိုင်ငံအစိုးရတွေအနေနဲ့ နိုင်ငံရေးစနစ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့ပေမယ့် မူးယစ်ဆေးဝါးပြဿနာကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ချေမှုန်းခဲ့ကြပါတယ်။ ယခုလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း တွေကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင် ခဲ့တဲ့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ဇွန်လ ၃၀ ရက်နေ့ထိ ဘိန်းဖြူ ၁,၀၄၃.၀၅၂ ကီလို၊ ဘိန်းစိမ်း ၇၆၅.၄၁၆ ကီလို၊ ဘိန်းမဲ ၁၀၃.၂၃ ကီလို၊ ဆေးခြောက် ၂၈.၇၆၁ ကီလို၊ စိတ်ကြွဆေးပြား ၉၉,၄၇၄,၈၃၀ ပြား၊ အိုက်စ် ၆,၃၉၆.၃၇၄ ကီလိုနှင့် အခြားဆက်စပ် ပစ္စည်း ၄၀,၇၂၁.၅၆၆ ကီလို၊ စုစုပေါင်းတန်ဖိုး မြန်မာကျပ်ငွေ ၃၁၇.၀၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉၃.၁ သန်း)ခန့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရရှိမှုအသေးစိတ် ကိုတော့ အားလုံးသိရှိအောင် ဇယားနဲ့ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးစာရင်း
စဉ် |
အမျိုးအမည် |
တပ်မတော်မှ ဖမ်းဆီးရမိ |
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ |
စုစုပေါင်း ဖမ်းဆီးရမိ |
၁ |
ဘိန်းဖြူ(ကီလို) |
၉၈၄.၄၄၇ |
၅၈.၆၀၅ |
၁၀၄၃.၀၅၂ |
၂ |
ဘိန်းစိမ်း(ကီလို) |
၅၈၇.၁၁၆ |
၁၇၈.၃ |
၇၆၅.၄၁၆ |
၃ |
ဘိန်းမဲ(ကီလို) |
၁၀၃.၂၃ |
|
၁၀၃.၂၃ |
၄ |
ဆေးခြောက်(ကီလို) |
၁၁.၄၄၃ |
၁၇.၃၁၈ |
၂၈.၇၆၁ |
၅ |
စိတ်ကြွဆေးပြား (ပြား) |
၈၂,၆၅၁,၁၁၁ |
၁၆,၈၂၃,၇၁၉ |
၉၉,၄၇၄,၈၃၀ |
၆ |
အိုက်စ်(ကီလို) |
၅၉၁၆.၃၅၄ |
၄၈၀.၀၂ |
၆,၃၉၆.၃၇၄ |
၇ |
အခြားဆက်စပ်ပစ္စည်း (ကီလို) |
၄၀,၆၄၂.၄၃၆ |
၇၉.၁၃ |
၄၀,၇၂၁.၅၆၆ |
တန်ဖိုး(ကျပ်) |
၂၈၁,၂၅၈,၇၄၁,၅၅၀ |
၃၅,၈၇၃,၁၂၁,၉၀၀ |
၃၁၇,၀၉၅,၈၆၃,၄၅၀ |
|
တန်ဖိုး(အမေရိကန်ဒေါ်လာ) |
၁၇၁.၂၉ သန်း |
၂၁.၈၄၇ သန်း |
၁၉၃.၁ သန်း |
ဒီလိုဖမ်းဆီးရမိမှုတွေကို ကြည့်မယ်ဆိုရင်ပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ နိုင်ငံရေးနဲ့နွယ်လို့မရတဲ့ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့အန္တရာယ် မူးယစ်ဆေး ဝါးကို အမြစ်ပြတ်အောင် ချေမှုန်းဖို့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ဆောင်ရွက်နေတာကို အထင် အရှားမြင်တွေ့နိုင်ပါတယ်။ အနောက်နိုင်ငံကြီးအချို့ကတော့ ပကတိဖြစ်ရပ်မှန်အတိုင်း ရှုမြင်နိုင်ခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် အချိန်တိုကာလ အတွင်းမှာတင် မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်ချက်တွေကို မသိကျိုးကျွန် မျက်ကွယ်ပြုပြီး တစ်ဖက်သတ်အပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လာတာကို စိတ်မကောင်း ဖွယ်ရာ မြင်တွေ့ကြားသိနေရပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ပြတ်ပြတ်သားသားဆောင်ရွက်ချက်တစ်ခုကိုလည်း ဇွန်လ ၂၆ ရက် နေ့က ကမ္ဘာကို ချပြနိုင်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့အဖြစ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနဲ့ ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းတွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၃ နေရာမှာ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီမီးရှို့ဖျက်ဆီး ခဲ့တဲ့ပစ္စည်းတွေအားလုံး စုစုပေါင်းမှာ ဘိန်း ၃၈၇၀ ကီလိုကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ၁၄၀၈၀ ကီလိုကျော်၊ ဆေးခြောက် ၇၃၉ ကီလိုကျော်၊ ကတ်တမင်း ၂၈၉ ကီလိုကျော်၊ ကဖင်း ၁၂ တန်ခွဲ ကျော်အပါအဝင် မူးယစ်ဆေဝါးနှင့် ဓာတုပစ္စည်း ၆၂ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာ ကျပ်ငွေ ၁၀၆၈ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်) ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။ အဲ့ဒီမီးရှို့ဖျက်ဆီးပွဲတွေကို အစိုးရတာဝန်ရှိသူတွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း တက်ရောက်စေပြီး သတင်းအမှန်တွေ ထုတ်ပြန်ပေးခဲ့ပါ တယ်။ သိစေချင်ကြားစေချင်လို့ သက်သေအထောက်အထားတွေနဲ့ သတင်းအမှန်တွေကို အစဉ်တစိုက်ထုတ်ပြန်ပေးနေပေမယ့်လည်း မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ယခုလို အပုပ်ချဝေဖန်တိုက်ခိုက်နေတာ ရိုးသား မှုမရှိဘူးလို့ ယူဆရမှာဖြစ်ပါတယ်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှု
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေအရ “ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံက အရေးယူပိတ်ဆို့ဖို့” ဆိုတဲ့ သတင်းတွေ အကြောင်း အရာတွေကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အသစ်တဖန်မြင်တွေ့နေရပါတယ်။ သမိုင်း ကြောင်းကိုပြန်ကြည့်ရင် ဒီလိုမျိုးအရေးယူပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာ နိုင်ငံရဲ့ စီးပွားရေးက တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘဲ သာမန်ပြည်သူလူထု ကြီးသာ အတိဒုက္ခရောက်ခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကြီးက မြန်မာဒီမိုကရေစီအသွင်ကူပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလုပ် မဖြစ်ဘူးဆိုတာကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အပါအဝင်၊ နိုင်ငံအားလုံးက သိရှိပြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။
ဒီလိုစီးပွားရေးပိတ်ဆို့မှုတွေက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွား မှုတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းအများအပြား တည်ရှိနေတာတွေနဲ့ ပေါင်းစပ်လိုက် တဲ့အခါမှာ မြန်မာနိုင်ငံနယ်စပ်ဒေသတွေရဲ့ လူမှုစီးပွားဘဝတွေကို ကြီးမားစွာရိုက် ခတ်လာခဲ့ပါတော့တယ်။ ဒီအကျိုးသက်ရောက်မှုက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စားဝတ်နေရေးနဲ့ လက်နက်တပ်ဆင်နိုင်ရေးအတွက် အချိန်တိုတိုအတွင်း ငွေများများရနိုင်တဲ့ စီးပွားရေးလုပ်ငန်းက မူးယစ်ဆေးဝါးထုတ် လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတွေ ဖြစ်လာပါတော့တယ်။ ဒီလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့်ပဲ လက်နက်တွေ အလွယ်တကူမစွန့်လွှတ် နိုင်ရတဲ့ အကြောင်းတစ်ချက် ဖြစ်နေပါတော့တယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးပြဿနာရဲ့ အရင်းခံ ဇာစ်မြစ်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ရှင်သန်ရပ်တည် မှုအတွက် အဓိကဝင်ငွေရရှိရေး မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုတွေမှာ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပတ်သက်နေကြခြင်းပဲ ဖြစ်ပါတယ်။
အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို ဟန်ပြဆောင်ရွက်နေပေမဲ့လည်း နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုတွေကို အကြီးအကျယ် လုပ်ကိုင်ဆောင်ရွက်နေကြတယ်ဆိုတာကို ဖမ်းဆီးရမိခဲ့တဲ့ သက်သေအထောက်အထားတွေအရ မြင်တွေ့ကြရမှာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အရင်က ဘိန်းစိုက်ပျိုးခြင်းနဲ့ ဘိန်းဖြူ ချက်လုပ်ခြင်းကို အဓိကထားပြီး ငွေရှာခဲ့ကြပေမယ့် ဘိန်းကဲ့သို့ အချိန်ကာလ စောင့်ဆိုင်းရန်မလိုအပ်ဘဲ ချက်လုပ်ရန်ပိုမိုလွယ်ကူပြီး အမြတ်ငွေပိုမိုရရှိနိုင်တဲ့ လူလုပ်မူးယစ်ဆေး (Synthetic Drugs)တွေကို ပြောင်းလဲထုတ်လုပ်ရောင်းချနေကြပါတယ်။ အထူးသဖြင့် စိတ်ကြွမူးယစ်ဆေးဝါး (Amphetamine) နဲ့ အိုက်စ်(Ice)ကဲ့သို့ လူသိများတဲ့ မီသိုင်းအဖက်တမင်း ပုံဆောင်ခဲ(Crystal Meth)တွေကို အကြီးအကျယ်ချက်လုပ်ရောင်းချလျက် ရှိပါတယ်။
အဲဒီမူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေကို သာမန်ဒေသခံပြည်သူတွေ ဝင် ရောက်ခွင့်မရှိတဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေ တွေမှာ တည်ဆောက်ထားကြပါတယ်။ တစ်နည်းအားဖြင့် သူတို့ရဲ့ လွတ်မြောက်နယ် မြေတွေဖြစ်ပြီး အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားသက်ရောက်မှုနည်းတဲ့နေရာတွေမှာ လျှို့ဝှက်စွာ လုပ်ကိုင်ဆောင်ရွက်ပြီး လမ်းကြောင်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရောင်းချ နေကြခြင်း ဖြစ်ပါတယ်။
အဲဒီနေရာတွေကို တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ သတင်းများဖော် ထုတ်ပြီး စစ်ဆင်ရေးအသွင်ဖြင့် အကြိမ်ကြိမ်ဖမ်းဆီးနှိမ်နင်းခြင်းတွေ ဆောင်ရွက်ခဲ့ ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မူးယစ်ဆေးဝါးတွေကို သူတို့ရဲ့ နယ်မြေထဲမှာ အဓိကချက်လုပ်ပြီး သယ်ယူပို့ဆောင်ရာမှာတော့ ဒေသခံတိုင်းရင်းသား တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို အသုံးပြုလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာမူးယစ်ဂိုဏ်းတွေနဲ့ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်လဲလှယ်ခြင်း၊ ငွေကြေးခဝါချခြင်းနဲ့ မူးယစ်ဆေးဝါးမှရရှိတဲ့ ငွေတွေကို တရားဝင်စီးပွားရေးလုပ်ငန်း တွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့ကြောင့် လည်း မူးယစ်ဆေးဝါးကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုး ရှည်နေသလို ပြည်တွင်းပဋိပက္ခတွေမချုပ်ငြိမ်းဘဲ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ရေးနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိ ပက္ခတွေ ချုပ်ငြိမ်းစေရေးအတွက် တပ်မတော်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါတယ်။
ဖမ်းဆီးရမိ ဖြစ်စဉ်အချို့
ဒီလိုဆောင်ရွက်ချက်တွေအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြီးစိုးနေတဲ့ နေရာဒေသတွေကနေ သယ်ဆောင် လာတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တစ်ချို့ကို ကောက်နုတ်ဖော်ပြလိုပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှ ရှမ်းပြည်နယ် မိုးနဲမြို့ကနေ မြဝတီမြို့ကို သယ်ဆောင် လာတဲ့ WY ဆေးပြား ၇,၆၀၀,၀၀၀ ပြား၊ ကာလတန်ဖိုး ငွေကျပ် ၁၁.၄ ဘီလီယံခန့်ကို တောင်ငူမြို့၊ (၇) မိုင်စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။
၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့မှာလည်း ရှမ်းပြည်နယ် ကျောက်တလုံးမြို့နယ် ကနေ ကြက်သွန်ဖြူ/ နီ၊ လက်ဖက်ခြောက်အိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်းပြား (ကာလတန်ဖိုးငွေကျပ် ၁၀.၃၅ ဘီလီယံခန့်) ကို သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါ တယ်။
နောက်တစ်ခုက ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက် မှာ ဘိန်းဖြူဘလောက်တုံး ၁၅၅၄ တုံး (၈၉၃.၉ ကီလိုဂရမ်)၊ ဘိန်းဖြူ ၆၅၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈.၃၂ သိန်းပြား၊ အိုက်စ် ၁.၆ ကီလိုဂရမ်၊ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၁၄.၃၆ ဘီလီယံခန့်ကို လက်နက်ငယ်တစ်ချို့နဲ့အတူ ဖမ်းဆီးရမိခဲ့ ပါတယ်။
ဇွန်လ ၁၈ ရက်နေ့မှာလည်း အိုက်စ် ၁၇၁၀ ကီလိုခန့်၊ ကာလတန်ဖိုးငွေကျပ် ၃၄.၂ ဘီလီယံခန့်နဲ့ လက်နက်ငယ်တစ်ချို့ကို တာချီလိတ်- ကျိုင်းတုံသွားကားလမ်း၊ တာကျောက်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ဒီမူးယစ်ဆေးဝါးတွေ သယ် ဆောင်ဖို့ DUMP TRUCK (4x2) ယာဉ်ဝယ်ယူရန်အတွက် “ဝ” တပ်ဖွဲ့ဝင် အိုက်ဆန်း ဆိုသူက ငွေကြေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ကျိုင်းတုံမြို့နဲ့ ၁၃ မိုင်ကျော်အကွာကနေ သယ်ယူခဲ့ကြတာပါ။
ဇွန်လ ၂၀ ရက်နေ့မှာပဲ QING SHAN စာတမ်းပါ အိုက်စ် ၁၅၈၀ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ် ၃၉.၅ ဘီလီယံခန့်ကို ကျိုက်ထိုမြို့၊ မရမ်းချောင်ကျေးရွာနဲ့ အင်္ဂပူ ကျေးရွာကြားမှာ ဖမ်းဆီးရမိခဲ့တာရှိပါသေးတယ်။
၂၀၂၁ ခုနှစ် ဇွန်လ ၂၇ ရက်က စစ်ရေယာဉ်(ဘုရင့်နောင်)ဟာ မြန်မာ-အိန္ဒိယ ရေပိုင်နက်နယ်နိမိတ်မျဉ်းအနီးမှာ သုခစံအမည်ရှိ မူးယစ်ဆေးဝါးသယ်လှေပေါ်မှ GUAN YIN WANG နှင့် Refined Chinese Tea စာတန်းပါအိတ်တွေနဲ့ ထုပ်ပိုးထားတဲ့ မူးယစ်ဆေးဝါး (ICE) ၁ ကီလိုဂရမ်ခန့်ပါ ၁၅၀၀ ထုပ်(၁၅၀၀ ကီလိုဂရမ်)၊ ကာလ တန်ဖိုး ၃၇ ဒသမ ၅ ဘီလီယံခန့်နဲ့အတူ တရားခံ ၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီလိုဖမ်းဆီးရမိမှုတွေကို ကြည့်မယ်ဆိုရင်ပဲ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှု တွေက တိုင်းရင်းသားဒေသတွေကနေလာတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြီးစိုးတဲ့နေရာမှာ ထုတ်လုပ်နေကြတယ်ဆိုတာ သိရှိနိုင်ပါတယ်။ အမှန်တကယ် တော့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ မြန်မာနိုင်ငံတစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ကိစ္စရပ် မဟုတ်ဘဲ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တာကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ တာဝန်သိသိသစ္စာရှိရှိ ရှေ့တန်းကျကျ ထိုးစစ်ဆင်တိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ
မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကမ္ဘာ့လူသားအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံအားလုံးက ပူးပေါင်းပြီးတိုက်ဖျက်ဖို့လိုအပ်တာ ပကတိအမှန်တရား ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ နိုင်ငံတကာနဲ့တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၇၆ ခုနှစ် ကနေစပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးအလွဲသုံးမှုဆိုင်ရာ ရန်ပုံငွေရုံး( United Nations Fund for Drug Abuse Control- UNFDAC)ကို ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ စီမံကိန်းများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (Central Committee for Drugs Abuse Control-CCDAC)တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ UNODC နဲ့လည်း ၁၉၉၄ ခုနှစ်မှစတင်ပြီး "ဝ"ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။
CCDAC နဲ့ UNODC တို့ ပူးပေါင်းကာ ၂၀၀၁ ခုနှစ်ကနေစတင်ပြီး နှစ်စဉ်ဘိန်း စိုက်ပျိုးမှုအစီရင်ခံစာကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်းကောက်ယူခြင်း( Drug User Survey) ကို တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း တို့မှာ လူမှုစီးပွားစစ်တမ်းကောက်ယူခြင်း( Socio- economic Survey) ကို CCDAC နှင့် UNODC တို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ UNODC အနေဖြင့် နည်းပညာ အပါအဝင် ငွေကြေးအကူညီတွေလည်း ပံ့ပိုးပေးခဲ့ပါတယ်။
အမေရိကန်၊ ရုရှား၊ ကိုရီးယားနိုင်ငံတို့နဲ့ နှစ်နိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ် နင်းမှုပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွေ ချုပ်ဆိုထားပြီးဖြစ်တဲ့အပြင် ဒေသတွင်း အာဆီယံနိုင်ငံများနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့်ပတ်သက်တဲ့ အာဆီယံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး၊ အာဆီယံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အာဆီယံ လေကြောင်းကြားဖြတ်စစ်ဆေးရေးတပ်ဖွဲ့အစည်းအဝေး၊ အာဆီယံပင်လယ်ဆိပ်ကမ်း တားဆီးနှိမ်နင်းရေးတပ်ဖွဲ့အစည်းအဝေးနဲ့ အာဆီယံမူးယစ်ဆေးဝါးစောင့်ကြည့်စစ် ဆေးရေးကွန်ရက်အစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံအနေနဲ့ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံလုပ်ငန်းစီမံချက်( ၂၀၁၆-၂၀၂၅ )ကို အကောင် အထည်ဖော်ရာမှာ ရွှေတြိဂံဒေသမူးယစ်ဆေးဝါးအခြေအနေတွေက အရေးကြီးတဲ့အချက် တစ်ခုဖြစ်လို့ အာဆီယံအဖွဲ့ဝင် မဲခေါင်ဒေသတွင်း ငါးနိုင်ငံအနေနဲ့ “ ရွှေတြိဂံဒေသ တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အာဆီယံပူးပေါင်းဆောင်ရွက်ရေးစီမံချက်( ၂၀၁၇-၂၀၁၉ )” ကိုလည်း ချမှတ်ဆောင်ရွက် ခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေနှင့် ပူးပေါင်းဆောင်ရွက်မှုတွေ၊ မဲခေါင် MoU လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အိမ်နီး ချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး သဘောတူစာချုပ်တွေ၊ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုး ထားပြီး၊ နယ်စပ်ဆက်ဆံရေးရုံးတွေလည်းဖွင့်လှစ်ကာ တက်ကြွစွာပူးပေါင်းဆောင် ရွက်လျက်ရှိပါတယ်။
မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းတွေကို မည်သည့်နိုင်ငံရေး အခြေအနေ၊ မည်သို့သောအစိုးရလက်ထက်မှာ ဆောင်ရွက်သည်ဖြစ်စေ ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းကူညီပံ့ပိုးပေးသင့်ပါတယ်။ အဲ့လို ပံ့ပိုးမှုမပြုလုပ်ပေးတဲ့အပြင် နိုင်ငံရေးရည်မှန်းချက်အပေါ်မူတည်ပြီး မူးယစ် ဆေးဝါးပြဿနာကို မဟုတ်မမှန်ဝါဒဖြန့်ချိတာ၊ လူမှုကွန်ရက်ကို အသုံးပြုပြီး တည်ငြိမ် မှုပျက်ပြားအောင် စွပ်စွဲလှုံ့ဆော်မှုတွေဟာ မပြုလုပ်သင့်တဲ့ လုပ်ရပ်များသာ ဖြစ်ပါ တယ်။ နိုင်ငံကြီးတစ်ခုက မိမိရဲ့တရားဝင်သံရုံး Facebook စာမျက်နှာကို အသုံးပြုပြီး အခြား နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးအခြေအနေကို ဖိအားပေးဖို့ မူးယစ်ဆေးဝါးပြဿနာကို ဝါဒဖြန့်ချိရေးအတွက် အသုံးချနေတာဟာ မသင့်တော်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။
မူးယစ်ဆေးဝါးတားဆီးထိန်းချုပ်ရေးပြဿနာဟာ မြန်မာအစိုးရအဆက်ဆက် အတွက် စိန်ခေါ်မှုကြီးဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရောင်းချခြင်း ပြုလုပ် နေတယ်ဆိုရင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်ကိုမဆို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ တရားဥပဒေအရသော်လည်းကောင်း၊ နိုင်ငံတော်ရဲ့သိက္ခာ အရသော်လည်းကောင်း မည်သည့်နည်းနဲ့မျှ ခွင့်လွှတ်သည်းခံမှာ မဟုတ်ဘဲ ထိရောက် ပြတ်သားစွာ အရေးယူသွားမှာပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချတဲ့ ကိစ္စရပ်တွေသာမကဘဲ အဆိုပါလုပ်ငန်းတွေကတဆင့် ဆက်စပ်ရရှိတဲ့ငွေတွေကို ခဝါ ချတဲ့လုပ်ငန်းတွေကိုလည်း နိုင်ငံဖြတ်ကျော်မှုခင်းတွေအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်း လျက်ရှိပါတယ်။ ဒီအချက်ဟာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးနဲ့ ပတ်သက်လာရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲဆောင်ရွက်နေတဲ့ မူဝါဒပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာတွေ ထိရောက်စွာနှိမ်နင်းနိုင်ဖို့ဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ချို့အနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ဝါဒဖြန့်ချိရေးလောက်သာ အသုံးချမနေဘဲ မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေကို မှန်ကန်စွာသုံးသပ်ပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်း သိစေ၊ ကြားစေချင်လို့ ညွှန်းသက်သေများနဲ့အတူ တင်ပြလိုက်ရပါတယ်။
ဆောင်းပါးရှင် အောင်ရှင်း