တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် မေလ ၃၁ ရက်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၈၅ ဦး၊ ခွဲစိတ်ရောဂါ ၁၅၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၁၄ ဦး၊ ကလေးရောဂါ ၁၀၂ ဦး၊ အရိုး ရောဂါ ၈၇ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၀၃ ဦး၊ မျက်စိရောဂါ ၉၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၀၇ ဦး၊ စုစုပေါင်း ၁,၂၄၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
ခွဲစိတ်ရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၃၈ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၈ ဦး တို့ကို ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့ပြီး ဓာတ်မှန်ရိုက်လူနာ ၇၉ ဦး၊ အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၅ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၀၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၂၇၃ ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက်လူနာ ၈ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၁ ဦးအား အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်အတွင်း စတုတ္ထမြောက်မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ကြောင်း သိရှိရပါသည်။
- တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် မေလ ၃၁ ရက်တွင် ရေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူစုစုပေါင်း ၁,၂၄၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၁ ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့။
Add new comment