နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂)ကို မေလ ၃၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများဖြစ်ပေါ်ခဲ့ကာ အချို့ EAO အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် အကြမ်းဖက်မှုများ အထိဖြစ်ပေါ်ခဲ့ကြောင်း။
  • မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့ကို ခက်ခဲစွာဖြင့် ကျော်ဖြတ်ခဲ့ရသော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ တာဝန်ရှိသည့်ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးတို့၏ အပင်ပန်းခံဆောင်ရွက်ခဲ့မှုများကြောင့် လက်ရှိအချိန်တွင် ထိန်းသိမ်းနိုင်သည့် အနေအထားကို ရောက်ရှိလာခြင်းပင်ဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ကူးစက်မှုအနေဖြင့် ယခုလ ၃၀ ရက်အထိ မိမိတို့နိုင်ငံတွင် ၈ သန်း ကျော်ကိုစစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိသူအနေဖြင့် ၆၁၃,၃၂၆ ဦး၊ သေဆုံးသူအနေဖြင့် ၁၉,၄၃၄ ဦးရှိခဲ့ကြောင်းနှင့် ယခုအခါ ပိုးတွေ့ရာခိုင်နှုန်း ၀ ဒသမ ၁၆ ရာခိုင်နှုန်းသာရှိကြောင်း။
  • မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်၌ အခက်အခဲဖြစ်ပေါ်နေချိန်တွင် မိတ်ဆွေကောင်းပီသစွာဖြင့် အကူအညီပေးခဲ့သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အခြားအကူအညီပေးခဲ့သည့် နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။
  • ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ပြန်လည်ပိတ်ထားခဲ့ရမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း။
  • အဆိုပါအချိန်တွင် ကျန်းမာရေးဝန်ထမ်းများ၏ CDM ပြုလုပ်မှုများ၊ အကြမ်းဖက် PDF များက အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်၊ မတ်လ နောက်ဆုံးပတ်အတွင်း အတန်းတင်စာမေးပွဲများကို ကျင်းပပေးနိုင်ခဲ့ကြောင်း။
  • ယခုနှစ် ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး ၄ သန်း ၉ သိန်းကျော် အပ်နှံပြီးဖြစ်၍ ဆက်လက်တိုးတက်လာမည့် အခြေအနေတွေ့ရှိရကြောင်း။
  • တက္ကသိုလ်များ၊ ကောလိပ်များကိုလည်း ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများစွာ ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် စိတ်ဓာတ်ပြင်းပြလျက်ရှိသည်ကို တွေ့ရှိရကြောင်း။
  • ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျင် ပြည်ပသို့ကုန်ပစ္စည်းများ တင်ပို့နိုင်မည်ဖြစ်ရာ ထုတ်လုပ်သည့် ကုန်ပစ္စည်းများသည်လည်း ဈေးကွက်ဝင်ပြီး အရည်အသွေးကောင်းမွန်မှုရှိရန်လိုကြောင်း။
  • မိမိတို့အစိုးရအနေဖြင့် ရရှိသည့် ငွေအင်အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ငွေများကို အတတ်နိုင်ဆုံး ချွေတာသုံးစွဲရန်နှင့် မဖြစ်မနေ သုံးစွဲရမည်ဆိုပါက စည်းမျဉ်း၊ စည်းကမ်းဥပဒေနှင့်အညီ စနစ်တကျဖြင့် စိစစ်သုံးစွဲကြရန်လိုကြောင်း။
  • နိုင်ငံ၏ကုန်သွယ်မှုလိုအပ်ချက်အရ အချို့သော ပြည်ပသွင်းကုန် တင်သွင်းခြင်းများကို ကန့်သတ်ခဲ့ရသော်လည်း စက်သုံးဆီ၊ စားဆီတို့နှင့်ပတ်သက်၍ ကမ္ဘာ့ဈေးကွက်အခြေအနေအရ ဈေးနှုန်းမြင့်တက်ခြင်းများ ရှိခဲ့သော်လည်း လုံးဝပြတ်လပ်ခြင်းများမရှိအောင် စီမံခဲ့ကြောင်း။
  • မိမိတို့၏ရေမြေသဘာဝကိုအသုံးချပြီး ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်အောင် ဆောင်ရွက်သွားမည်ဆိုလျှင် နိုင်ငံတော်အတွက် များစွာအထောက်အကူရမည်ဖြစ်ကြောင်း။
  • အားကစားကဏ္ဍနှင့်ပတ်သက်၍ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် မိမိတို့နိုင်ငံအနေဖြင့် အဆင့် ၇ ရရှိခဲ့ပြီး ရွှေ ၉ ခု၊ ငွေ ၁၈ ခု၊ ကြေး ၃၅ ခု စုစုပေါင်း ၆၂ ခု ရရှိခဲ့သောကြောင့် တိုးတက်မှုရှိလာသည်ဟု ပြော၍ရနိုင်မည် ဖြစ်ကြောင်း။
  • အားကစားသည် နိုင်ငံတစ်ခု၏ ဂုဏ်သိက္ခာပင်ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ရေးအတွက် ငွေကြေးထောက်ပံ့မှု ကောင်းမွန်သည့်နိုင်ငံ၊ အားပေးမှု စဉ်ဆက် မပြတ်သည့်နိုင်ငံ၊ လုံခြုံရေးနှင့်နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိသည့် နိုင်ငံများသည် မိမိတို့ထက် သာလွန်သည်ကို တွေ့ရှိရကြောင်း။
  • နိုင်ငံတစ်ခု၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးအတွက် အားကစားကို အားပေးရန်လိုကြောင်း၊ လေ့ကျင့်မှုကိုလည်း လုပ်ဆောင်ရမည်ဖြစ်ပြီး လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ၊ အားကစားကွင်းနှင့် အားကစားရုံများကို ကောင်းမွန်စွာ ဖြင့်ဖြည့်တင်းပေးရန် လိုသကဲ့သို့ အာဟာရပြည့်ဝအောင် ကျွေးမွေးရန်လည်း လိုအပ်မည် ဖြစ်ကြောင်း။
  • မိမိတို့အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုအဖြစ် KG + 9 ပညာရေးစနစ်ကို မသင်မနေရအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။
  • ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း အဆိုပါပညာရေးစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း။
  • ယင်းစနစ်သည် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည့် နှစ် ၃၀ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ပြဌာန်းထားပြီးဖြစ်ကြောင်း၊ KG + 9 သင်ယူပြီးစီးပါက KG + 10 + 11 + 12 မှတစ်ဆင့် အဆင့်မြင့်ပညာရေးသို့ လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၊ စက်မှုလက်မှုအထက်တန်းကျောင်း အပါအဝင် အသက် မွေးပညာသင်ကျောင်းများသို့လည်းကောင်း ဆက်လက်တက်ရောက်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • ဥပဒေနှင့်စီးပွားရေးပညာရပ်သည် နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီး သည့် ကဏ္ဍတစ်ရပ်ဖြစ်သဖြင့် တက္ကသိုလ်များတွင် အဆိုပါပညာရပ်များနှင့် သက်ဆိုင်သည့်ဘွဲ့၊ ဒီပလိုမာများပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
  • ပညာရေးကဏ္ဍတွင် နိုင်ငံရေးရောထွေးမှုမရှိစေရန် အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
  • တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်သည့် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေများကို သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • တိုင်းရင်းသားလူမျိုးပေါင်းစုံဖြစ်သည့်အတွက် မူဝါဒအပိုင်းတွင် တစ်မျိုးတည်းဖြစ်ရန်လိုအပ်ကြောင်း၊ မတူညီသည်များကို ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်ကြောင်း၊ မြန်မာစာ၊ မြန်မာစကားသည် ပြည်ထောင်စု၏ တရားဝင်ရုံးသုံး၊ ကျောင်းသုံး စာပေဖြစ်သဖြင့် နိုင်ငံသားအားလုံးအနေဖြင့် သင်ကြားတတ်မြောက်ထားရမည်ဖြစ်ကြောင်း မှာကြား ခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများဖြစ်ပေါ်ခဲ့ကာ အချို့ EAO အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် အကြမ်းဖက်မှုများ အထိဖြစ်ပေါ်ခဲ့။
  • ယခုနှစ် ပညာသင်နှစ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပြီး သန်း သိန်းကျော် အပ်နှံပြီးဖြစ်၍ ဆက်လက်တိုးတက်လာမည့် အခြေအနေတွေ့ရှိရ။
  • တက္ကသိုလ်များ၊ ကောလိပ်များကိုလည်း ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများစွာ ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးအတွက် စိတ်ဓာတ်ပြင်းပြလျက်ရှိသည်ကို တွေ့ရှိရကြောင်း။
  • နိုင်ငံ၏ကုန်သွယ်မှုလိုအပ်ချက်အရ အချို့သော ပြည်ပသွင်းကုန် တင်သွင်းခြင်း များကို ကန့်သတ်ခဲ့ရသော်လည်း စက်သုံးဆီ၊ စားဆီတို့နှင့်ပတ်သက်၍ ကမ္ဘာ့ ဈေးကွက်အခြေအနေအရ ဈေးနှုန်းမြင့်တက်ခြင်းများ ရှိခဲ့သော်လည်း လုံးဝပြတ် လပ်ခြင်းများမရှိအောင်စီမံခဲ့။
  • မိမိတို့၏ရေမြေသဘာဝကိုအသုံးချပြီး ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်အောင် ဆောင်ရွက်သွားမည်ဆိုလျှင် နိုင်ငံတော်အတွက် များစွာအထောက်အကူရမည် ဖြစ်
  • အားကစားသည် နိုင်ငံတစ်ခု၏ ဂုဏ်သိက္ခာပင်ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ရေးအတွက် ငွေကြေးထောက်ပံ့မှု ကောင်းမွန်သည့်နိုင်ငံ၊ အားပေးမှု စဉ်ဆက်မပြတ်သည့်နိုင်ငံ၊ လုံခြုံရေးနှင့်နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိသည့် နိုင်ငံများသည် မိမိတို့ထက် သာလွန်သည်ကို တွေ့ရှိရ။
  • မိမိတို့အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုအဖြစ် KG + 9 ပညာရေးစနစ်ကို မသင်မနေရအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့။
  • ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း အဆိုပါပညာရေးစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး ရှင်းလင်းပြောကြားခဲ့။
  • ယင်းစနစ်သည် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည့် နှစ် ၃၀ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ပြဌာန်းထားပြီးဖြစ်ကြောင်း၊ KG + 9 သင်ယူပြီးစီး ပါက KG + 10 + 11 + 12 မှတစ်ဆင့် အဆင့်မြင့်ပညာရေးသို့ လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၊ စက်မှုလက်မှု အထက်တန်းကျောင်း အပါအဝင် အသက် မွေးပညာသင်ကျောင်းများသို့လည်းကောင်း ဆက်လက်တက်ရောက်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်။
  • ဥပဒေနှင့်စီးပွားရေးပညာရပ်သည် နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သဖြင့် တက္ကသိုလ်များတွင် အဆိုပါပညာရပ်များနှင့် သက်ဆိုင်သည့်ဘွဲ့၊ ဒီပလိုမာများပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိ။

 

Add new comment