နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ချီးမြှင့်

 

၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို မေလ ၃၁ ရက်တွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဦးဆောင်စိုက်ပျိုးပေးခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး ကျင်းပခြင်းပင်ဖြစ်ကြောင်း။
  • သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းသည် ‌ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန်ရေးနှင့် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားအဆင့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များနှင့် သစ်တောဂေဟစနစ်သည် လူသန်းပေါင်းများစွာ၏ လိုအပ်သည့် အစားအစာ၊ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင် အစရှိသည့် သစ်တောထွက်ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေးနေ သကဲ့သို့ ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိပေးကြောင်း။
  • နိုင်ငံတော်အနေဖြင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သကဲ့သို့ သစ်ပင်စိုက်ပျိုးရေးကိုလည်း တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း (၂၈,၇၁၅)ဧက၌ အပင် (၂၃,၉၇၃,၀၅၁) ပင် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း (၂၄,၂၆၉) ဧက၌ အပင်ပေါင်း သန်း ၂၀ ခန့် စိုက်ပျိုးသွားရန် စီမံထားသည်ဟု သိရှိရကြောင်း။
  • နိုင်ငံအတွင်း ဖောက်လုပ်ထားသည့် ဆက်သွယ်ရေးလမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် ခရီးသွားပြည်သူလူထုအနေဖြင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက်  တောပါးနေရာများ၌ သစ်တောကွက်များ စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်က လမ်းပိုင်း (၆၆၃) ပိုင်းတွင် အပင်ပေါင်း (၂၇၈,၅၇၃) ပင် စိုက်ပျိုး ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် မိုးရာသီ၌ လမ်းပိုင်း (၈၅၉)ပိုင်းတွင် အပင်ပေါင်း ၂ သိန်း ၅ သောင်းကျော် စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း။
  • အပင်များစိုက်ပျိုးပြီးသည်နှင့် မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန်လည်းလိုအပ်ကြောင်း၊ စိုက်ပျိုးပြီးအပင်များကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် အောင်မြင်အောင်ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း။
  • နိုင်ငံတော်အနေဖြင့် သစ်ပင်များ စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို အရှိန်အဟုန်နှင့် ဆောင်ရွက်နေသကဲ့သို့ ၂၀၂၁-၂၀၂၂ ခုနှစ် (Mini-budget)နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး သဘာဝတောများ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ သစ်အလုံးလိုက်နှင့် ခွဲသား ပြည်ပသို့ ရောင်းချခြင်းကို လည်း ခွင့်မပြုဘဲ ကုန်ချောထုတ်လုပ်ပြီးမှသာ တင်ပို့ရောင်းချရေး ထိန်းသိမ်းဆောင်ရွက်နေကြောင်း။
  • နေပြည်တော်ကောင်စီနယ်မြေကို Green City၊ Clean City၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ် မြေတစ်ခုဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောသစ်ပင်များနှင့် စိမ်းလန်းစိုပြည်စေရေး သဘာဝပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးတို့ကိုလည်း အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရေပျိုးပင်နှင့် ယင်းမာပျိုးပင်ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ပျဉ်းကတိုးပျိုးပင်နှင့် ပန်းမယ်ဇလီပျိုးပင်ကိုလည်းကောင်း သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင် များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါ သည်။

  • သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းသည် ‌ဂေဟစနစ် ပြန်လည်ကောင်းမွန်ရှင်သန်ရေးနှင့် နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားအဆင့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်
  • အပင်များစိုက်ပျိုးပြီးသည်နှင့် မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန်လည်းလိုအပ်၊ စိုက်ပျိုးပြီးအပင်များကိုလည်း တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် အောင်မြင်အောင်ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လို။
  • နေပြည်တော်ကောင်စီနယ်မြေကို Green CityClean CitySmart City အဖြစ် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်တောသစ်ပင်များနှင့် စိမ်းလန်းစိုပြည်စေရေး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့ကိုလည်း အမြော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်ကြရန်လို။

Add new comment