ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

 

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနားများကို မေလ ၃၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ-

  • ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူ ၄၅၆ ဦးအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ခဲ့။
  • အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်ခဲ့။
  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်တွေတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့။
  • အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူ ၁,၃၉၁ ဦးအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့။

အခမ်းအနားများသို့ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရာရှိ/စစ်သည် မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြပြီး တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီး၌လည်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်း အခမ်းအနားများကို မေလ ၃၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့။

Add new comment