၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူဦးရေ ၄၈ သိန်းကျော်ရှိပြီဖြစ်

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်စတင်လက်ခံသည့် မေ ၂၆ ရက်မှ ၃၀ ရက်အထိ ၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၄,၈၉၄,၄၂၈ ဦး ရှိပါသည်။

  • ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းလာရောက်အပ်နှံသည့်အခါ မည်သည့်ငွေကြေးကိုမှ ကောက်ခံခြင်းမရှိဘဲ၊ ဆင်းရဲချမ်းသာမရွေး မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရရှိအောင်ဆောင်ရွက်ပေးထား။
  • ကျောင်းသားတစ်ဦးလျှင် ပြဋ္ဌာန်းစာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင် တို့ကို အခမဲ့ပေးအပ်လျက်ရှိပြီး မူလတန်းကလေးများကို ကျောင်းဝတ်စုံများ အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်။

          ကျောင်းများ၏လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။  

  • မေ ၂၆ ရက်မှ ၃၀ ရက်အထိ ၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၄,၈၉၄,၄၂၈ ဦး ရှိ။

Add new comment