(၁၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများ၏ အလုပ်သမားဝန်ကြီးများ အစည်းအဝေးကျင်းပ

 

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မေလ ၃၀ ရက်တွင် Video Conference စနစ်ဖြင့် ကျင်းပသည့် အကြိမ်(၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများ၏ အလုပ်သမားဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ် ချမှတ်ခဲ့ပြီး အလုပ်သမားများ အလုပ်အကိုင်ရရှိရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်၍ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသော ကိုယ်ဝန်ဆောင်အမျိုးသမီး အာမခံအလုပ်သမား လေးထောင်ကျော်(၄,၀၂၈) ဦးအတွက် ငွေကျပ် (၅၈၅ ဒသမ ၄၇၂) သန်းကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် Quarantine ဝင်ရောက်ရသည့် အာမခံအလုပ်သမား ငါး ထောင်ကျော် (၅,၁၂၅)ဦးအတွက် ငွေကျပ် (၂၉၂ ဒသမ ၅၇၀) သန်းကိုလည်းကောင်း မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့်အဖြစ် ထောက်ပံ့ပေးခဲ့ကြောင်း။
  • ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလအတွင်း ယာယီပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား တစ်ဆယ့်ခြောက်သိန်းကျော်(၁,၆၃၄,၁၇၄) အား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အဖြစ် စုစုပေါင်းငွေကျပ်(၇၀,၈၂၉ ဒသမ ၇၅၆)သန်း ထောက်ပံ့ကူညီပေးခဲ့ကြောင်း။

ထို့ပြင် အလုပ်သမားများ၏ အကျိုးစီးပွားများကို ဦးစားပေးမြှင့်တင်ဆောင်ရွက်ပြီး အလုပ်ရှင်များကိုလည်း ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းနှင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများအချင်းချင်း အလုပ်သမားရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

  • အလုပ်သမားများ အလုပ်အကိုင်ရရှိရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်၍ လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိ။
  • လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသော ကိုယ်ဝန်ဆောင်အမျိုးသမီး အာမခံအလုပ်သမား (၄,၀၂၈) ဦးအတွက် ငွေကျပ် (၅၈၅ ဒသမ ၄၇၂) သန်း၊ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် Quarantine ဝင်ရောက်ရသည့် အာမခံအလုပ်သမား(၅,၁၂၅) ဦးအတွက် ငွေကျပ် (၂၉၂ ဒသမ ၅၇၀) သန်းတို့ကို  မကျန်းမာမှုငွေကြေးအကျိုးခံစား ခွင့်အဖြစ် ထောက်ပံ့ပေးခဲ့။
  • ယာယီပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား (၁,၆၃၄,၁၇၄) အား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အဖြစ် စုစုပေါင်းငွေကျပ်(၇၀,၈၂၉ ဒသမ ၇၅၆)သန်း ထောက်ပံ့ကူညီပေးခဲ့။
  • ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများအချင်းချင်း အလုပ်သမားရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်စေလို။

Add new comment