တစ်နှစ်လျှင် ဆရာ၊ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်ကြားခွင့်ရအောင်ဆောင်ရွက်ပေးနေ

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ဇွန် ၂ ရက်တွင် ကျောင်းများဖွင့်လှစ်သည့်အခါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ထားလျက်ရှိရာ လုပ်ငန်းခွင် ဆရာ၊ ဆရာမများအနေဖြင့် ယခင်က B.Ed ပညာရေးဘွဲ့ သင်တန်းများကို တစ်နှစ်လျှင် ၃၀၀၀ ဝန်းကျင်ခန့်သာ တက်ရောက်ခွင့်ရသော်လည်း ယခုအခါ တစ်နှစ်လျှင် လုပ်ငန်းခွင်မှ ဆရာ၊ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်တန်းများတက်ရောက် သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။

ဆရာ၊ ဆရာမများအနေဖြင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများကို ပညာတတ်လူတော်လူကောင်းများဖြစ်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် အားစိုက်ပြီး ပြုစုပျိုးထောင်သင်ကြားပေးကြရမည်ဖြစ်သည့်အပြင် မိမိတို့၏အရည်အသွေးတိုးတက်ရေးအတွက် အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ပါသည်။ စနစ်သစ်ပညာရေးကို ကူးပြောင်းနေချိန်ဖြစ် ၍ ယခုပညာသင်နှစ်သည် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပသည့် နောက်ဆုံးနှစ်ဖြစ်ပြီး စာမေးပွဲကျသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဖြစ်သူများ ယခုနှစ်တွင် ပြန်လည်ဖြေဆိုနိုင်ကြောင်း သိရှိရပါသည်။ 

  • ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခင်က B.Ed ပညာရေးဘွဲ့ သင်တန်းများကို တစ်နှစ်လျှင် ၃၀၀၀ ဝန်းကျင်ခန့်သာ တက်ရောက်ခွင့်ရသော်လည်း ယခုအခါ တစ်နှစ်လျှင် လုပ်ငန်းခွင်မှ ဆရာ၊ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်တန်းများတက်ရောက် သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးနေပြီဖြစ်။
  • စနစ်သစ်ပညာရေးကို ကူးပြောင်းနေချိန်ဖြစ် ၍ ယခုပညာသင်နှစ်သည် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပသည့် နောက်ဆုံးနှစ်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဖြစ်သူများ ယခုနှစ်တွင် ပြန်လည်ဖြေဆိုနိုင်။

Add new comment