နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပြည်ထောင်စုကွင်း၌ ပြုလုပ်ခဲ့ပါသည်။
ကြိုဆိုထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးကို လိုလားသူပြည်သူများ စုစုပေါင်းအင်အား ၂,၇၈၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးသည် မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ တိုင်းပြည်ငြိမ်းချမ်းမှ ပြည်သူများဖွံ့ဖြိုးတိုးတက်မည်ဟူသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဟောပြော ခဲ့ကြပါသည်။
တက်ရောက်လာကြသည့် ပြည်သူများက “ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး ဒို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး ဒို့အရေး၊ ငြိမ်းချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး ဒို့အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်မြင်ရမည်” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြပါသည်။
- ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၂၉ ရက်တွင် ပြုလုပ်ခဲ့။
- တက်ရောက်လာကြသည့် ပြည်သူများက “ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး ဒို့အရေး၊ ပြည်ပစွက်ဖက်မှုအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး ဒို့အရေး၊ ငြိမ်းချမ်းရေးပျက်ပြားအောင် ဖျက်ဆီးနေသူများ ကျဆုံးရေး ဒို့အရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး အောင်မြင်ရမည်” စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့။
Add new comment