အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွေ့ဆုံဆွေးနွေး

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၉ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဆွစ်ဇာလန်နိုင်ငံ၏ဖက်ဒရယ်စနစ်အပေါ် လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့က အဆိုပြုဆွေးနွေးကာ တက်ရောက်လာသူများက အလွတ်သဘောဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲ ဆွေးနွေးချက်များအရ နှစ်ဖက်သဘောထားများကို သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြပြီး ဦးစိုင်းအိုက်ပေါင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲအား ရုတ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။

  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွစ်ဇာလန်နိုင်ငံ၏ဖက်ဒရယ်စနစ်အပေါ် လေ့လာတွေ့ရှိချက်များအား ညှိနှိုင်းရေးကော်မတီမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့် အချက် ၉ ချက်အား နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့က အဆိုပြုဆွေးနွေးခဲ့။

 

Add new comment