နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၂၇ ရက်တွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးစခန်းသို့ ရောက်ရှိကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ မှိုနှင့်ကြက်ဥများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
-
ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်း များဆောင်ရွက်စေခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၈ သန်းခန့်အား အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံပေါများစွာ စားသုံးနိုင်စေရေးအထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
-
တပ်မတော်သားများအပြင် နိုင်ငံ့ဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် သက်သာစွာရောင်းချပေးနိုင်ရမည်ဖြစ်ပြီး ပြည်သူများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ အမြတ်ကိုအဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း။
-
မွေးမြူရေးဆောင်ရွက်ရာတွင် မွေးမြူရေးသုတေသနအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေး၍ ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း။
-
ဒေသတွင်းဖူလုံမှုရရှိပါက ပြင်ပဒေသများနှင့်ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး အေးခဲအသားငါးများ၊ အသားခြောက်များနှင့် အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့ရောင်းချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၈ သန်းခန့်အား အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံပေါများစွာ စားသုံးနိုင်စေရေး အထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်။
-
အမြတ်ကိုအဓိကမထားဘဲ သက်သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်ကြရန်။
Add new comment