နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၇ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့်အတွက် စက်ခေါင်းများပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြုပြင်ခြင်းလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်မှုကို မှတ်တမ်းဓာတ်ပုံများဖြင့် စနစ်တကျမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ထားရှိရန်လိုကြောင်း။

  • လျှပ်စစ်ဓာတ်အားသုံးစက်ခေါင်းများထုတ်လုပ်နိုင်ရန် နိုင်ငံတကာမှနည်းပညာများကိုလေ့လာ၍ ပြည်တွင်း၌ထုတ်လုပ်နိုင်သည့်ပစ္စည်းများနှင့် ပြည်ပမှဝယ်ယူရမည့် ပစ္စည်းများကိုပေါင်းစပ်၍ ပထမခြေလှမ်းအနေဖြင့် ဒီဇယ်လျှပ်စစ်သုံး(DEMU) စက်ခေါင်းများ တည်ဆောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။

  • ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများမှတစ်ဆင့် လျှပ်စစ်ရထား(EMU)အထိ ပြေးဆွဲနိုင်ရေးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း။

  • မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)အနေဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစ၍ သုတေသနပြုထုတ်လုပ်ပြီး ၎င်းမှတစ်ဆင့် အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်  စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်း၊ မီးရထားစက်ခေါင်းစက်ရုံအတွင်း မီးရထားစက်ခေါင်းများထုတ်လုပ် တပ်ဆင်နေမှုနှင့်ပြုပြင်ထိန်းသိမ်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံသို့လည်း သွားရောက် ပြီး ဂျပန်နိုင်ငံမှရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းအသစ်များအား ကြည့်ရှုစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းစိန်မီးရထားဆေးရုံသို့ရောက်ရှိရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအတွက်လိုအပ်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုပစ္စည်းများကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

  • ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့်အတွက် စက်ခေါင်းများပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြုပြင်ခြင်းလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်မှုကို မှတ်တမ်းဓာတ်ပုံများဖြင့် စနစ်တကျမှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ထားရှိရန်လို။

  • လျှပ်စစ်ဓာတ်အားသုံးစက်ခေါင်းများထုတ်လုပ်နိုင်ရန် နိုင်ငံတကာမှနည်းပညာများကို လေ့လာ၍ ပြည်တွင်း၌ထုတ်လုပ်နိုင်သည့်ပစ္စည်းများနှင့် ပြည်ပမှဝယ်ယူရမည့် ပစ္စည်းများကိုပေါင်းစပ်၍ ပထမခြေလှမ်းအနေဖြင့် ဒီဇယ်လျှပ်စစ်သုံး(DEMU) စက်ခေါင်းများ တည်ဆောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လို။

  • မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)အနေဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစ၍ သုတေသနပြုထုတ်လုပ်ပြီး ၎င်းမှတစ်ဆင့် အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားရန်လို။

 

 

Add new comment